Chapter 32

784 61 0
                                    

"ဒီလိုမျိုး အထက်တန်းကျောင်းတုန်းကပုံတွေ သိမ်းထားတုန်းလား။"

- ဂျိုဂျို၏အိမ်ထောင်ရေးဒိုင်ယာရီ

ရှုရီယန်၏ဘေးနားထိုင်ပြီးတော့မှ ချောင်ဟွေ့ စိတ်ချမ်းသာသွားသလိုပင်။ သူ(မ) အခု ရှုရီယန် အထက်တန်းကျောင်းသားဘဝက ဘာ‌တွေဖြစ်ခဲ့လဲဆိုတာကို မသိရသေးပေမဲ့ မစ္စရှုအ‌နေနှင့် တစ်ချိန်ချိန်‌တော့ သိခွင့်ရပေလိမ့်မည် ။

ပရိုဂရမ်အဖွဲ့၏ Easter egg ပွဲသည်လည်း တစ်ဝက်ခန့်ရောက်လာပြီဖြစ်သည်။

ဒီတစ်ခါက်တော့ ပိတ်ကားပေါ်မှာပြသည်က လင်းမင်မင်ငယ်စဉ်ကပုံဖြစ်သည်။ သူ(မ)၏နှုတ်ခမ်းများသည် နီစွေးနေ၍ ရွှင်လန်းတက်ကြွနေသည့်ပုံပေါ်သည်။ သူ(မ)က လှပသော အကဝတ်စုံတစ်မျိုးကို ဝတ်ဆင်ထားသည်။အကပြိုင်ပွဲတစ်ခုတွင် ဝင်ပြိုင်ပြီးစဉ်က ရိုက်ထားသောပုံ ဖြစ်လောက်သည်။ ပုံကတော့ သူ(မ)တစ်ယောက်တည်းပုံ မဟုတ်ပါ။ အဖွဲ့လိုက်ရိုက်ထားသောပုံဖြစ်သည်။ သူ(မ)နှင့်အတူယောက်ျားလေး မိန်းကလေး စု‌စုပေါင်း ၁၂ ယောက်ခန့်ပါသည်။။အားလုံးက တက်ကြွပျော်ရွှင်နေသောအပြုံးများဖြင့် တစ်ခုခုအတွက် အောင်ပွဲခံနေကြပုံပေါ်သည်။

Presenter က ရှင်းပြ၏။ "ဒီဓာတ်ပုံကအရမ်းကြာနေပါပြီ။မစ္စလင်းမင်မင်တောင် ၁၈ နှစ်မပြည့်သေးဘူးထင်တယ်။"

လင်းမင်မင်က မိုက်ကိုကိုင်နေရာမှ သူ(မ)ကိုယ်သူ(မ)ပြန်ကြည့်ရင်း ခံစားချက်တစ်ခု ဖြစ်‌ပေါ်လာသည်ထင်ရ၏။ အတိတ်ကို သတိရသွားပုံရသည်။ "ဟုတ်ပါတယ်။"

Presenter ကလည်း သိလို၍ တမင်ထပ်မေးလိုက်၏။ "ဟုတ်ကဲ့။ မစ္စလင်းမင်မင် ဒီပုံကိုတွေ့တော့ ဘာများပြောချင်ပါသလဲ။"

အစက လင်းမင်မင် သူ(မ)ပုံသူ(မ) ပြန်တွေ့ရလိမ့်မည်မထင်ခဲ့ပါ။ပြီးတော့ သူ(မ)၏အကဖော်သူငယ်ချင်းများနှင့် တွဲရိုက်ထားသည့်ပုံ ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို သက်ပြင်းတစ်ချက်ချ၍ ဖြေဖျောက်လိုက်ရင်း "ဒီနေ့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်တွေ့ရလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။ ကျွန်မ အံ့ဩသွားတယ်။ ပြီးတော့ ဝမ်းလည်းဝမ်းသာသွားတယ်လို့ ပြောရမယ်။ ဒီဓာတ်ပုံထဲကလူတွေနဲ့လည်း အဆက်အသွယ်မရှိတာ နှစ်ပေါင်းများစွာကြာသွားပါပြီ။ အများစုက အကလောကထဲ ဝင်မလာခဲ့ကြရပါဘူး။ ကျောင်းပြီး‌‌တော့လည်း တခြားနယ်ပယ်တွေမှာပဲ လုပ်ငန်းခွင်ဝင်သွားကြတယ်။ ကျွန်မတစ်ယောက်တည်း အကလောကထဲ ဆက်လက်နေထိုင်ရင်း ကိုယ်ချစ်တဲ့အလုပ်ကို နှစ်‌ပေါင်းများစွာ ဆက်လက်လုပ်ကိုင်ခွင့်ရနေခဲ့တာပါ။"

ရုပ်ရှင်ဧကရာဇ်ရဲ့လက်ထပ်ထိမ်းမြားခြင်းဒိုင်ယာရီ (Completed)Tempat cerita menjadi hidup. Temukan sekarang