အပိုင်း(၁ )

1.7K 17 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁)
akyiphyu
***a***k**y***i**p**h**y***u****

    မိုးဦးကျကာလဖြစ်သောကြောင့်  ကောင်းကင်ယံထက်တွင်  မိုးခြိမ်းသံများသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် တခြိမ်းခြိမ်းတဒိန်းဒိန်းဖြင့်မိုးရာသီဲ၏ သရုပ်ကိုဖော်ပြနေခဲ့သည်။တစ်ချက်တစ်ချက်တွင် လျှပ်စီးများဝင်းခနဲလက်သွားပြီး ခြိမ်းခနဲ့ပစ်ချလိုက်သံများသည် အသည်းငယ်သူများအဖို့  ပြေးပုန်းစရာနေရာပင်မရှိလောက်အောင်ကြောက်စရာကောင်းလှပေသည်။သို့သော်လည်း ဤမျှကြောက်စရာကောင်းလှသော မိုးခြိမ်းသံများနှင့် မိုးကြိုးပစ်ချသံများသည် ဦးကျော်မြင့်နှင့်ဒေါ်ခင်အေးတို့မိသားစု၏ အိမ်တွင်းပူကို ခြောက်လှန့်နိုင်ဟန်မရှိချေ။

" ကျွန်မမှာ ကိုယ်ဝန်ရှိနေပါပြီ "

" ဘာ ..အမိုက်မ ...နင့်မျက်နှာကို ငါမမြင်ချင်ဘူး....တစ်သက်လုံး...ငါ့အိမ်ရိပ်ကိုတောင် လာမနင်းနဲ့ ကြားလား "

" ဖြန်း "

        ဦးကျော်မြင့်တစ်ယောက် ဒေါသတကြီးပြောဆိုရင်းမှ သမီးဖြစ်သူ၏ ပါးပြင်ကို သူ့၏လက်ဝါးကြမ်းကြမ်းကြီးနှင့် ဖြန်းခနဲရိုက်ချပစ်လိုက်သည်။ပြီးနောက်  သမီးဖြစ်သူကို ချာခနဲကျော်ခိုင်းလိုက်ပြီး နေရာမှထွက်သွားခဲ့သည်။

" ခင်သစ္စာ အမိုက်မ...ညည်းဒီလောက်မိုက်ရလားအေ ..ယောက်ျားတွေဒီလောက် အများကြီးရှိတာကို....ဒီလိုမိသားစု..ဒီလိုလူနဲ့မှ သွားပတ်သက်ရလား...ညည်းသူ့ကို ယူရင် ..ညည်းအဖေက ညည်းကို‌ေ*သခန်းဖြတ်လိုက်မယ်  ...ဒါကို ညည်းသိရဲ့လား "

    မိခင်ဖြစ်သူဒေါ်ခင်အေးသည် သမီးဖြစ်သူအားကြည့်ကာ မချိတင်ကဲပြောလိုက်သည်။ထိုအခါ ခင်သစ္စာတစ်ယောက် မိခင်ကိုမော့ကြည့်လိုက်ပြီး

" သူတို့မိသားစုက ဘာဖြစ်လို့လဲ အမေရယ်...သူတိူ့တွေက ချမ်းသာတယ်လေ...ကျွန်မတို့မြို့မှာ လူတိုင်းလိုလိုက...ရတနာထိုက်မိသားစုကိုအားကျနေကြတာပဲလေ .... "

            ခင်သစ္စာတစ်ယောက် ငယ်ရွယ်သူပီပီ မိခင်ကိုပြန်လှန်ပြောဆိုလိုက်သည်။

မာယာမိုးတိမ်Where stories live. Discover now