မာယာမိုးတိမ် (၃)

320 5 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃)
akyiphyu
***a***k**y***i**p**h**y***u****

" မိန်းကလေးက မဆိုးပါဘူး ..အချောလေးပဲ ..မိဘမျိုးရိုးကရောကောင်းရဲ့လား ..သားတို့ဆိုင်မှာ ... စာရင်းကိုင်လုပ်နေတာဆိုတော့ ပညာရေးကတော့မနိမ့်ဘူးထင်တယ် "

" ဟုတ်ကဲ့ ..စာရင်းအင်းကျွမ်းကျင်သလို ...မျိုးရိုးကလည်း ပညာတတ်မျိုးရိုးပါပဲ ..မိန်းကလေးရဲ့ဖခင်ကလည်းဝန်ထမ်းတစ်ယောက်ပါ......မိခင်ဖြစ်သူကတော့ အထည်ဆိုင်ဖွင့်ထားပါတယ် ..မောင်နှမလည်းသိပ်မများပါဘူး..မောင်နှမနှစ်ယောက်မှာ အငယ်ပါ ..အချမ်းသာကြီးမဟုတ်ကြပေမဲ့ ...ရိုးရိုးကုပ်ကုပ်နဲ့သိုသိပ်သိပ်နေတတ်ကြတဲ့မိသားစုပါ မေမေကြီး "

" အင်း...တို့အတွက်တော့ ငွေကြေးထက်မျိုးရိုးဂုဏ်က အရေးကြီးတာဆိုတော့ ...မချမ်းသာတာပြဿနာမဟုတ်ပါဘူး..ဒါနဲ့နာမည်ကရောဘယ်သူတဲ့လဲ ...မင်းတို့သူဌေးလေးနဲ့ကရော..ဘယ်အနေအထားရောက်နေပြီလဲ "

" ဟုတ်ကဲ့ ..နာမည်ကနှင်းရည်သက်တဲ့မေမေကြီး ..အစ်ကိုလေးနဲ့တော့ တခြားသူတွေထက်ပိုပြီးရင်းနှီးပါတယ် ....ကျွန်တော်တင်ပြထားခဲ့သလိုပါပဲ ... သူဌေးကတော်ဆုံးပြီးကတည်းက ...စိတ်ဓါတ်ကျနေတဲ့သူဌေးလေးကို... သူကပဲနှစ်သိမ့်ကူညီပေးခဲ့တာပါ ..ပြီးတော့ သမီးလေးလရိပ်နွေးနဲ့လဲအဆင်ပြေပါတယ်...အခုဆိုရင် သူဌေးလေးရဲ့အတွင်းရေးမှူးတစ်ယောက်လိုတောင်ဖြစ်နေပါပြီ ..ပြီးတော့...လရိပ်လေးအပေါ်မှာလည်း...မိခင်တစ်ယောက်လိုပုံစံမျိုးနဲ့စောင့်ရှောက်ပေးတာကိုတွေ့ရပါတယ်မေမေကြီး  "

     အတွင်းရေးမှူးဖြစ်သူ၏ သတင်းစကားများကြောင့် ဒေါ်ငွေစင်ထွန်းပြုံးလိုက်သည်။

" အင်း..သားကြီးလည်းသူ့ဇနီးဆုံးသွားတာနှစ်နှစ်ကျော်ပြီပဲလေ...ပြီးတော့ နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း.... ကလေးမသိတတ်သေးခင်မှာပြုတာက ...ပိုကောင်းတယ်မဟုတ်လား ...မင်းတို့သူဌေးလေးနဲ့တော့ စကားသေချာပြောရတော့မယ်ထင်တယ်..တွေ့ဖို့ချိန်းပေးပါအုံး "

" ဟုတ်ကဲ့ပါ မေမေကြီး "

    ဒေါ်ငွေစင်ထွန်း၏ စကားကိုအတွင်းရေးးမှူးဖြစ်သူ ကိုမြင့်ခိုင်က ခေါင်းငြိမ့်ပြလိုက်လေသည်။

မာယာမိုးတိမ်Where stories live. Discover now