စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၆)
akyiphyu
***a***k**y***i**p**h**y*** u***
ဦးမိုးမြင့်ထွန်းသည် သမီးဖြစ်သူကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး နောက်တစ်ကြိမ်ထပ်မေးလိုက်သည်။" ဘာပြောလိုက်တယ် သမီးကြီး "
" ဟုတ်ကဲ့ပါ အဖေ ... ဒီဇိုင်းနဲ့ပတ်သက်ပြီး .. အဖေတို့ အဆင်ပြေသလို အသုံးပြုလို့ရပါတယ်...လိုအပ်တာတွေကိုတော့ သမီးထပ်မပေးတော့ပါဘူး ..."
ဦးမိုးမြင့်ထွန်းသည် သမီးဖြစ်သူကို ပါးစပ်အဟောင်းသားနှင့် ကြည့်လေသည်။ဒေါ်နှင်းရည်သက်မှာ လရိပ်နွေး၏ အပြုအမူကြောင့် လရိပ်နွေးကို ထိတ်ထိတ်လန့်လန့်နှင့် ကြည့်လိုက်ပြီး
" လရိပ် ...သမီးကြီး ...ဒီစကား
က သမီးညီမကို စိတ်ဆိုးလို့ပြောတာလား ....အဲ့ဒါဆိုရင် အမေကကပဲ တောင်းပန်ပါတယ်ကွယ် ... သမီးငယ်ကလဲ သူ့တစ်ကိုယ်ရေကောင်းစားဖို့အတွက် မဟုတ်ပါဘူး ....ကုမ္ပဏီမပြိုလဲဖို့အတွက် လုပ်နေရတာပါကွယ် "ဒေါ်နှင်းရည်သက်၏ စကားကြောင့် လရိပ်နွေး နှုတ်ခမ်းလေးကို မသိမသာမဲ့ လိုက်မိပြီး
" နှင်းစက်ကို စိတ်ဆိုးလို့ပြောတာမဟုတ်ပါဘူး အမေ ... ဒီဇိုင်းက ...လရိပ်ရဲ့ဒီဇိုင်းလေ .. ကိုယ်လုပ်ထားတာကို ကိုယ်ပဲ အသိဆုံးမဟုတ်လား ..ဒီဇိုင်းနဲ့ပတ်သက်ပြီး ... နှင်းစက်ကို ရှင်းပြလိုက်တော့လဲ ... သူက အားလုံးသဘောမပေါက်နိုင်ဘူးလေ....နှင်းစက်က ဆောက်လုပ်ရေးပိုင်းမှာ ဈေးကွက်ရှာတဲ့သူပါ ...လရိပ်ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို ရှင်းပြလဲ ... သူခဏပဲ နားလည်မှာပါ ...လရိပ်တို့က မိသားစုတွေပဲလေ ..ကိုယ့်ပိုင်နိုင်တဲ့အလုပ်ကိုပဲ လုပ်ကြတာပေါ့ ....ဒီဇိုင်းတွေက လရိပ်ရဲ့ဒီဇိုင်းတွေမို့ ...လရိပ် ကိုယ်တိုင်...ထိုက်မိသားစုနဲ့ လက်တွဲပြီး အလုပ်လုပ်ပါမယ် ..လရိပ်ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို လရိပ်ကိုတောင်မပြောဘဲ ..အမေရောင်းစားနေခဲ့တာတွေလဲ များနေပြီလေ ...အခုတော့... ပရိဘောဂဒီဇိုင်းပိုင်းမှာ လရိပ်လဲ ကိုယ်နာမည်တံဆိပ်နဲ့ ကိုယ်တိုင်သိက္ခာရှိရှိရပ်တည်ချင်ပါတယ် ..."
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ