စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၃)
akyiphyu
***a***k**y***i**p**h**y*** u***ကားပေါ်မှလှမ်းပြောလိုက်သံကြောင့် နေသစ်ညီကားပေါ်သို့လှမ်းကြည့်လိုက်မိသည်။
" ဟာ ...ဦးမျိုးပါလား....ဘယ်ကိုလာတာလဲ ....အဘွားဆီကိုလာတာလား "
" မဟုတ်ဘူးမောင်နေသစ် ....ဦးမျိုးက ...မောင်နေထူးဆီကိုလာတာပါ...ဦးမျိုးကိုအချိန်နည်းနည်းလောက်ပေးမလား ...သိပ်မကြာပါဘူးကွာ "ဦးမျိုး၏ တောင်းပန်သလိုဟန်ပန်နှင့် အပြောကြောင့် နေသစ်ညီခေါင်းကိုညိတ်ပြပြီး လက်ခံလိုက်သည်။
'' အေးအေးဆေးဆေးစကားပြောလို့ရမယ့်ဆိုင်ကို ..သွားကြတာပေါ့ ...ဦးမျိုး ရှေ့ကသွားနှင့်လေ...ကျွန်တော်နောက်ကလိုက်လာခဲ့မယ် "
" ကောင်းပါပြီ မောင်နေသစ် ... ဒါဆို....ဦးမျိုးရှေ့ကသွားနှင့်လိုက်မယ် "
ဦးမျိုးက ပြောပြောဆိုဆိုနှင့်သူ၏ကားကို မောင်းထွက်သွားခဲ့သည်။နေသစ်ညီလည်း သူ၏ကားရှိရာဆီသို့လျှောက်သွားလိုက်ပြီး ကားပေါ်သို့တက်၍မောင်းထွက်ခဲ့လိုက်သည်။
~~~a~~k~~~y~~~i~~p ~~h~~y~~u ~~~
" မောင်နေသစ်က လူငယ်ဆိုတော့ ....ဦးမျိုးပြောတာကိုနားလည်ပေးနိုင်မယ်ထင်တယ်... ဒေါ်ဒေါ်က အသက်ကြီးနေပြီဆိုတော့...သူ့မြေးကြီးကိစ္စကို ...ဦးမျိုးပြောလိုက်ရင် စိတ်မကောင်းဖြစ်သွားမှာစိုးရိမ်မိတယ်ကွာ ...မောင်နေထူးလုပ်တာတွေက ...ဦးမျိုးရဲ့အလုပ်သမားတွေအတွက် အတော်လေးကိုအဆင်မပြေဖြစ်နေပြီ "
" ဟုတ်ကဲ့ ..ဒီကိစ္စတွေကို ...ဦးမျိုးက အဖေ့ကိုမပြောဘူးလား "
" ပြောတာပေါ့မောင်နေသစ်ရာ ....မင်းအဖေကိုကြည့်ရတာနေသိပ်မကောင်းသလိုပဲကွ..ဟိုအရင်ကလို တက်တက်ကြွကြွမရှိဘူး ..ဦးမျိုးပြောရင်လဲ ..သေချာရှင်းပေးပါ့မယ်လို့သာပြောတာ ....ဘာတစ်ခုမှအကောင်အထည်ပေါ်မလာခဲ့ဘူး ...ဟိုတစ်လောကဖြစ်သွားခဲ့တဲ့ ...လုပ်ငန်းခွင်မှာထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ ...အလုပ်သမားတွေကိစ္စဆိုရင် ..... အလုပ်သမားကောင်လေးတွေဘက်ကမှားတာမဟုတ်ဘူး.... လုပ်ငန်းခွင်က မသုံးသင့်တဲ့ ...ဈေးပေါတဲ့ပစ္စည်းတွေကို သုံးထားလို့ ...လူပြုတ်ကျတဲ့အထိ ဖြစ်ခဲ့ရတာလေ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ