စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၇)
akyiphyu
***a***k**y***i**p**h**y*** u***
တရွေ့ရွေ့လှမ်းနေမိသော လရိပ်နွေး၏ ခြေလှမ်းများသည် မရည်ရွယ်ထားပါဘဲနှင့် ဘွားသက်၏ အခန်းရှိရာဆီသို့ လျှောက်လှမ်းသွားနေမိလေသည်။မသိစိတ်မှ ဘွားသက်ကိုမယုံကြည်ဖြစ်နေမိခြင်းပဲလားမသိချေ။တစ်ချိန်တုန်းကလည်း လရိပ်နွေး ဤကဲ့သို့ပင်ဖြစ်နေချိန်တွင် ဘွားသက်တစ်ယောက်အိမ်သို့ ရောက်ရှိနေခဲ့သည်ကို အမှတ်ရနေမိပြန်လေသည်လရိပ်နွေးခြေကိုဖော့နင်းလျက် ဘွားသက်၏အခန်းရှိရာဆီသိုတရွေ့ရွေ့လျှောက်လှမ်းသွားးမိသည်။ဘွားသက်၏အခန်းမှာ အိမ်ရှေ့ဘုရားခန်းနှင့် သိပ်မဝေးသောနေရာတွင်ရှိသည်။သီးသန့်အခန်းလိုဖြစ်နေသော ဘွားသက်၏ အခန်းသည် တကူးတကသွာရောက်ရသောအခန်းဖြစ်သည်။ထိုနေရာသို့ လရိပ်နွေးသွားလေ့မရှိပါ။ယခုမှသာ ခြေထောက်များကသူ့အလိုလိုလှမ်းသွားနေမိခြင်းဖြစ်လေသည်။
လရိပ်နွေးခြေကိုဖော့နင်းလျက် ဘွာသက်၏အခန်းဆီသို့လျှောက်သွားလိုက်သည်။
~~~~a~~~~k~~~y~~i~~~p~~~h~~~y~~~ u~~~" ကျွန်မပြောတဲ့အတိုင်း သေချာလုပ်နော်အမေ...ဆေးက ရေနဲ့သေချာချိန်ဆထားတာ..ဆေးမျာပြီးရေနည်းသွားရင် အသက်အန္တရာယ်ရှိနိင်လို့ ....ဖုန်းကိုလဲ အားမဝင်အောင် သူအိပ်ပျော်ပြီးဆိုတာနဲ့ သူ့အခန်းကိုမိး ပိတ်ထားလိုက်ပါ "
" အေးပါအေ...ငါသိပါတယ်..အခုမှလုပ်ဖူးတာလဲ မဟုတ်ပါဘူး..ညည်းတိုသားအမိသာ ..မောင်မိုးကမေးရင် ဘာမှမသိသလိုဟန်မပျက်နေကြ ...ဒါနဲ့ဆေးက ဘယ်နှစ်ရက်လောက်ထိတိုက်နေရမှာလဲ "
"တစ်ပတ်လောက်ပေါ့အမေ..တစ်ပတ်ပြည့်သွားရင် ..သူ့ကိုဆေးခန်းလိုက်ပြမယ်ဆိုပြီး ခေါ်သွားလိုက်မယ်လေ..အဲ့ဒီကျမှ လိုအပ်တဲ့ဆေးဆိုပြီး ...နည်းနည်းစီ ညာတိုက်ရမှာ "
" အေးပါ..ဒါနဲ့ ...ဒီလိုကြီးရှေ့ဆက်သွားနေလို့တော့မဖြစ်ဘူးထင်တယ်နှင်းရည်...ရှေ့ဆက်ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ ..တော်ကြာမောင်မိုးသိသွားရင် ပြဿနာတက်မယ် "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ