စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၈)
akyiphyu
***a***k**y***i**p**h**y*** u**
" အမေက ကျွန်တော့်ထက်ပိုပြီး စိတ်မာတယ်ဆိုတာ ..ကျွန်တော်သိပါတယ် ... ဒီကိစ္စတွေက မပြောလို့လဲ မဖြစ်တဲ့ကိစ္စတွေဆိုတော့ အမေသိအောင်ပြောပြပါ့မယ်ဦးမိုးမြင့်ထွန်းက မိခင်ဖြစ်သူကို အကဲခတ်ကြည့်လိုက်ပြီးနောက် နွမ်းလျဖျော့တော့သောအသံနှင့် ပြောလိုက်သည်။
" သားကြီးရယ် ...မင်းအမေကလေ ... အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ယောက်ျားဖြစ်သူဆုံးသွားခဲ့ပြီး ...သားတစ်ယောက်နဲ့ လောကဓံကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တဲ့သူပါ ....မနေ့ကတစ်နေ့လုံး ငါ့သားကြီးပျောက်နေခဲ့တယ် ...နှင်းရည်သက်ကလဲ ပြန်သွားပြီးနောက် ဆက်သွယ်လို့မရခဲ့ဘူး.. မြေးလေးငွေနှင်းစက်ကလဲ ....သားကြီးတို့အိမ်ကိုအမေလိုက်လာတဲ့နေ့ကစလို့ ....အမေ့ဆီကိုမဆက်သွယ်ခဲ့ဘူး ....ဘာတွေဖြစ်နေကြတာလဲဆိုတာကို ....အားလုံးအမှန်အတိုင်းသိချင်တယ်... မြေးလေးနှင်းစက်ကို ကြည့်ရတာ ....တစ်ခုခုမူမမှန်ဘူးလို့အမေခံစားနေရတာကြာပါပြီ ....အဲ့ဒီတော့အမှန်အတိုင်းပဲပြောပြပါသားကြီး ....ငါ့သားပြောတာကိုပဲအမေနားထောင်ချင်တယ်.. မြေးလေးနှင်းစက်နဲ့မနှင်းရည်တို့သားအမိတွေ ငါ့သားကိုဘာတွေများ ...ထပ်ပြီးဖုံးကွယ်ထားကြသေးတာလဲ ..."
မိခင်ကြီးမှာ ဘာမျှမသိလောက်ဟု ဦးမိုးမြင့်ထွန်းထင်ထားခဲ့မိသော်လည်း အထင်မှားသွားခဲ့သည်ကိုနားလည်လိုက်လေသည်။ပြီးလျှင် မိခင်ကြီးသည် အသက်အရွယ်ရနေပြီဖြစ်သော်လည်း ထင်ထားသည်ထက် စိတ်ဓါတ်မာကျောသည်ကိုတွေ့လိုက်ရသောကြောင့် ဦးမိုးမြင့်ထွန်းစိတ်ထဲမှ ပူပန်မှုများအနည်းငယ်မျှလျော့ကျသွားရလေသည်။
" ဟုတ်...ဟုတ်ကဲ့ပါ အမေ ....အမှန်တရားဆိုတာက ကြာကြာဖုံးကွယ်ထားလို့မရပါဘူး...နောင်အခါသူများပြောလို့သိတာထက်စာရင် ....ကျွန်တော်ကိုယ်တိုင်ပဲအမေ့ကိုပြောပြပါတော့မယ်..."
ဦးမိုးမြင့်ထွန်းသည် သက်ပြင်းကိုချလျက်မှ မိခင်ကြီးကိုပြောလိုက်သည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ