စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၅)
akyiphyu
***a***k**y***i**p**h**y*** u**ခုတင်ပေါ်သို့ရောက်သည်နှင့် မျက်နှာကိုတစ်ဖက်သို့လွှဲကာ ငြိမ်သက်နေသောငွေနှင်းစက်ကိုကြည့်ပြီး နေသစ်ညီသက်ပြင်းကိုချလိုက်မိသည်။
" လက်လဲနည်းနည်းထိထားတယ်ဆိုတော့ ဂရုစိုက်ပါအန်တီ..အားလုံးကိုသေချာစစ်ဆေးမှဖြစ်မယ်ထင်တယ် .."
" စစ်ထားတယ်မောင်နေသစ်ညီ ...ညနေလောက်ဆိုသိရတော့မှာပါ ..သမီးကြီးမေးရင်းလဲ ကြည့်ပြီးဖြေလိုက်ပါကွယ်....ခဏနေရင်.... သူ့ဘွားအေရောက်လာတော့မယ် ...အန်တီတို့လဲ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးကွယ် "
ဒေါ်နှင်းရည်သက်က စိတ်သောကများစွာနှင့်လေးလေးပင်ပင်ပြောလိုက်သည်။
နေသစ်ညီလည်း နှုတ်ဆက်ပြီးနောက် ပြန်ထွက်လာခဲ့လိုက်သည်။
~~~a~~~~~K~~~~y~~~~i~~ P~~~~h~~y~~u~~~
" အန်ကယ့်ကိုတစ်ခုလောက်ခွင့်တောင်းချင်ပါတယ်ခင်ဗျာ "
" ပြောပါ မောင်နေသစ်ညီ "
" အခုချိန်မှာ လရိပ်ကလဲ အရမ်းလန့်နေတော့ ..သူ့ကိုတစ်ယောက်တည်းထားရမှာ စိတ်မချလို့် ..ကျွန်တော်ခေါ်သွားပါရစေ "
နေသစ်ညီ၏ ခွင့်တောင်းစကားကြောင့် ဦးမိုးမြင့်ထွန်းမှာ တစ်ခဏမျှ တွေဝေနေပြီးနောက် ယောင်နနနှင့်မော့ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်လေသည်။
~~~a~~~K~~~y~~i~~~~~p~~~h~~~y~ u~~
" ညီ...ညီမလေး..ဘယ်လိုနေလဲကိုနေသစ်..ဆိုးဆိုးဝါးဝါးထိခိုက်သွားသေးလား "
ကားတံခါးကိုဖွင့်ပြီး နေသစ်ညီဝင်လိုက်သည်နှင့် လရိပ်နွေးက အလောတကြီးနှင့်မေးလိုက်သည်။လရိပ်နွေး၏ အမေးကို နေသစ်ညီပြန်မဖြေသေးဘဲ လရိပ်နွေးကို သေချာကြည့်လိုက်သည်။" စိတ်ကိုအေးအေးထားလေ လရိပ်...လှေကားကနေပြုတ်ကျတာဖြစ်တဲ့အတွက် ..ထိခိုက်ဒဏ်ရာတော့ ရတာပေါ့ ...ဒါပေမဲ့ အသက်အန္တရာယ်နဲ့ဝေးပါတယ် ...သူ့ကိုရိုက်လိုက်တဲ့ လရိပ်ရဲ့လက်အရှိန်ကို လရိပ်သိတယ်မဟုတ်လား "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ