စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၉)
akyiphyu
***a***k**y***i**p**h**y*** u***လရိပ်နွေးရှက်သွားမှန်းသိတော့ နေသစ်ညီလည်း လရိပ်နွေးကို ငေးကြည့်နေမိရာမှ အကြည့်ကိုချက်ချင်းလွှဲပစ်လိုက်ရသည်။
လရိပ်နွေးလည်း ရှက်ရွံ့စိတ်ကိုဖျောက်ပစ်လိုက်ပြီး နေသစ်ညီကိုကြည့်လိုက်သည်။
" ကျွန်မဘက်က စိတ်ကူးမပြောင်းပါဘူး ..ကိုနေသစ်ညီသာ ...ကျွန်မကိုလက်ခံနိုင်တယ်ဆိုရင် ..မင်္ဂလာကိစ္စက မြန်လေကောင်းလေပါပဲ ..ဘာဖြစ်လို့လဲဆိုတော့ ..ကျွန်မလဲ အိမ်မှာနေရတာနောက်ကျောမလုံသလိုခံစားနေရတယ် "
" ကောင်းပြီလေ..ဒါဆိုရင် ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပဲပြောကြမယ် ...ကျွန်တော်အတွက်ကလဲ .... ဒီမင်္ဂလာပွဲက လုပ်ငန်းအတွက်ပဲလုပ်တဲ့ပွဲဆိုတော့ ...သတို့သမီးကဘယ်သူပဲဖြစ်ဖြစ်အရေးမကြီးပါဘူး...အဓိကက ကျွန်တော့်အတွက် ....အကျိုးရှိဖို့ပဲအရေးကြီးတာ ...အမှန်တိုင်းပြောရမယ်ဆိုရင်တော့ .....ကျွန်တော့်အနေနဲ့ ငွေနှင်းစက်နဲ့အတူရှိနေရတာထက် ..လရိပ်နဲ့အတူရှိနေရတာက စိတ်သက်သောင့်သက်သာဖြစ်ပါတယ် ...ဒါကြောင့်လဲ မဖြစ်မနေတစ်ယောက်ယောက်ကိုရွေးချယ်ရမယ်ဆိုရင် ...လရိပ်ကိုပဲရွေးချယ်မိမှာပါ ..ဒါကြောင်...လရိပ်လဲကျွန်တော့်အပေါ်မှာ... နေရခက်နေတာမျိုုးမဖြစ်ဘဲ စိတ်ရှင်းရှင်းထားစေချင်တယ် "
" ဟုတ်ကဲ့ပါ ကိုနေသစ်ညီ "
" အင်း ..နာမည်ခေါ်ကြတဲ့ကိစ္စကိုလဲ ပြောရအုံးမယ် ..လရိပ်နဲ့ကျွန်တော်က ...ချစ်သူတွေအဖြစ်ဟန်ဆောင်ထားတာဆိုတော့ ...လူတွေရှေ့မှာ တစ်ယောက်နဲ့တစ်ယောက်နာမည်အပြည့်အစုံခေါ်နေလို့တော့ မဖြစ်ဘူး ..ကျွန်တော်က လရိပ်လို့ခေါ်တာဆိုတော့ ပြဿနာမရှိလောက်ဘူး..လရိပ်ကလဲ ကျွန်တော့်ကို ..ကိုနေသစ်ညီလို့ နာမည်အပြည့်အစုံမခေါ်ပါနဲ့ ..ကိုနေလို့ခေါ်ရင်ခေါ် ..ဒါမှမဟုတ် ...ကိုညီလို့ခေါ်ပါ..မခေါ်တတ်ရင်လဲ ...ခေါ်တတ်အောင်လေ့ကျင့်မှဖြစ်မယ် ..တော်ကြာမစခင်ကတည်းက အလိမ်တွေပေါ်သွားလိမ့်မယ်..ကျွန်တော်တို့အဘွားကသိပ်ကိုလည်တာ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ