စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၂)
akyiphyu
***a***k**y***i**p**h**y*** u**
အဘွားဖြစ်သူ၏ အမူအရာကိုကြည့်ပြီး နေထူးထိုက်ကျေနပ်စွာပြုံးလိုက်သည်။" ဟုတ်တယ် အဘွား..မွေးစားသမီးဖြစ်ရုံတင်ဘယ်ကမလဲ ..သူ့မိဘတွကလဲ ဆေးသမား လောင်းကစားသမားတွေတဲ့လေ.. မျိုးရိုးကတော့ အတော်လေးကောင်းတယ်နော် "
နေထူးထိုက်က ခပ်ရွှဲ့ရွှဲ့ပြောလိုက်လေသည်။
" ဒီလိုလူမျိုးကိုတော့ သီရိတို့မိသားစုထဲ ခေါ်သွင်းခွင့်မပြုဘူးနော်အဘွား...နေသစ်ညီက သူ့မိန့်မကိုမပြတ်နိုင်ဘူးဆိုရင်....ထိုက်မိသားစုထဲကနေထုတ်ပစ်လိုက်ပါ..သီရိရဲ့ဘဝက သူ့ကြောင့် ..ဝှီးချဲလ်ပေါ်မှာပဲတစ်သက်လုံးနေခဲ့ရတာပါ..သီရိလဲအဘွားနဲ့တူလို့ ဆောက်လုပ်ရေးကိုဝါသနာပါပေမဲ့ ..ဒီခြေထောက်တွေကြောင့် ရွှေဆိုင်မှာပဲ အချိန်ကုန်ခဲ့ရတယ်လေ..သီရိအတွက်လဲ တရားမျှတအောင်ဆုံးဖြတ်ပေးပါ အဘွား.."
" နေ..နေကြပါအုံးကွယ်...ဒီကိစ္စကို မြေးကြီးကဘယ်လိုသိလာတာလဲ "
ဒေါ်ရတနာထိုက်က မြေးနှစ်ယောက်စကားကို နားထောင်ပြီး အထိတ်တလန့်နှင့်မေးလိုက်လေသည်။
" ဘယ်လိုသိရမှာလဲ အဘွားရယ်..အမှန်တရားဆိုတာဖုံးထားလို့မှမရတာ...ဒီကိစ္စကို နေသစ်ညီရောသူ့အမေပါသိပြီးသားလေ ..ဒါပေမဲ့ အခုချိန်ထိ အဘွားကိုဖုံးထားသေးတယ်မဟုတ်လား "
နေထူးထိုက်သည် အသံမာမာနှင့်ပြန်ပြောလိုက်ရင်း ဘွားအေဖြစ်သူကို ကြည့်လိုက်သည်။ဒေါ်ရတနာထိုက်မှာ မြေးနှစ်ယောက်ကို ဘာမှမပြောနိုင်ဘဲ ငြိမ်သက်တွေဝေနေလေသည်။
~~~a~~~K~~y~~i~~~~~~~P~~~h~~y~~~u~~
" မမလရိပ်ရဲ့ဒီဇိုင်းတွေက မိုက်လိုက်တာဗျာ ..ပိုပြီးတော့ ဆန်းသစ်သွားတာက ..ပစ္စည်းတော်တော်များများက အရှင်ဒီဇိုင်းတွေဆိုတော့ ..ဒီဇိုင်းတစ်ခုရိုးသွားတဲ့အခါ ..ပြောင်းလဲပစ်ဖို့အချိန်မကုန်တော့ဘူးနော် ..ကျွန်တော့်ကိုလဲ ပညာတွေသင်ပေးပါအုံးမမ "
အေးချမ်းအောင်က လရိပ်နွေး၏ အနှစ်နှစ်အလလကလုပ်ထားခဲ့သော ဒီဇိုင်းများကိုကြည့်ပြီး ကလေးတစ်ယောက်လိုပြောလိုက်သည်။လရိပ်နွေးက အေးချမ်းအောင်ကိုကြည့်လိုက်ပြီး
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ