မာယာမိုးတိမ် 51

222 16 1
                                    

      

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၁)
akyiphyu
***a***k**y***i**p**h**y*** u**  

" ဘယ်လိုဆက်လုပ်မလဲဆရာ...ဦးမိုးမြင့်ထွန်းကိုအားလုံးပြောပြသင့်တယ်ထင်တယ် "

        ကိုသက်၏ သတိပေးစကားကြောင့် နေသစ်ညီသတိပြန်ဝင်လာမိသည်။

" ဒီ...ဒီလောက်ထိဆိုးဝါးလိမ့်မယ်လို့ မထင်မိဘူးကွာ ...လမ်းမလျှောက်နိုင်ဘူးဆိုတာကလဲ... ဟန်ဆောင်နေတာဖြစ်နိုင်တယ်လို့ အရင်ကတည်းက တွက်ဆထားပြီးသားပါ...ဒါ..ဒါပေမဲ့ ဒီလောက်ဆိုးဝါးတဲ့ အခြေအနေတွေအထိ မထင်ထားမိခဲ့ဘူး ...အဲ့ဒီကိစ္စကို  ငွေနှင်းစက်ရောသိနေတာ သေချာလား "

" သိနေတယ်တဲ့ဆရာ..သူဘာတွေကြံစည်နေလဲဆိုတာကို စောင့်ကြည့်ခိုင်းထားပါတယ်....ဆရာ့အနေနဲ့ ဦးမိုးမြင့်ထွန်းနဲ့ ဒေါ်ငွေစင်ထွန်းကို ဘယ်လိုပြောမလဲဆိုတာကိုပဲ စဉ်းစားပါ....ဒီကိစ္စကမပြောလို့တော့မဖြစ်ဘူး.....ဟိုတစ်ခါတုန်းက ဦးမိုးမြင့်ထွန်းရဲ့ကားဘရိတ်ပေါက်တယ်ဆိုတဲ့ကိစ္စကလဲ မရိုးသားဘူးလေ.. "

" ဟူး ...ဒုက္ခပါပဲ ...အန်ကယ်မိုးမြင့်ထွန်းက အဖြစ်မှန်ကိုရင်ဆိုင်နိုင်တယ်ဆိုရင်တောင် ... လရိပ်တို့အဘွားက အသက်ကြီးနေပြီ ... တော်ကြာ ရှော့ရပြီး လဲသွားမှာကိုစိုးရိမ်ရတယ် ..ဘာပဲဖြစ်ဖြစ် အန်ကယ့်ကိုတော့ ပြောမှဖြစ်မယ်ထင်တယ်  "

      နေသစ်ညီ စိတ်မသက်မသာနှင့်ပြောလိုက်ရင်းမှ ရှေ့ဆက်ရမည့်ကိစ္စကို အစီအစဉ်ဆွဲနေမိသည်။

~~a~~k ~~ y ~~i ~~ p~~h~~~y ~~~u~~

" သမီးငယ်က .. ဆေးရုံမှာ သူဆေးကုသမှုခံယူနေရတာကို ...လိုက်စောင့်ကြည့်တာမျိုးကိုမကြိုက်ဘူးလေ အမေ...သမီးငယ်ကမာနကြီးတော့ ....သူ့ကိုသနားသလိုကြည့်တာကိုမကြိုက်တာလေ "

" စကားများလိုက်တာမိုးမြင့်ထွန်းရယ်....ကိုယ့်ဖအေကဂရုစိုက်တာကို ....ဘယ်သားသမီးကမကြိုက်ဘဲနေမှာလဲ ....ကလေးက မလိုက်နဲ့ဆိုတာနဲ့ပဲ...မင်းကတစ်ခါမှမလိုက်ဘူးမဟုတ်လား...ကိုယ်သမီးလေးကို ဂရုတစိုက်စောင့်ရှောက်ပေးဖို့သတိရောရရဲ့လား....ကလေးကဆေးရုံကို ... သူ့ဟိုဘက်အဘွားနဲ့ပဲ သွားနေရတာလေ...ငါတို့သားအမိတွေက    ကိုယ့်မြေးလေးကိုဂရုမစိုက်သလိုဖြစ်နေခဲ့တာကြာပြီ...သူဆေးရုံလာပြတာကို တို့သားအမိသာ  လိုက်လာမှန်းသိရင် ဘယ်လောက်တောင်ဝမ်းသာသွားရှာမလဲကွယ် "

မာယာမိုးတိမ်Where stories live. Discover now