မာယာမိုးတိမ် 32

245 17 1
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၂)
akyiphyu
***a***k**y***i**p**h**y*** u***
      အဘွားဖြစ်သူ၏ အမေးကြောင့် လရိပ်နွေးခေါင်းလေးကို ခါယမ်းပြလိုက်ပြီး

"မဟုတ်ပါဘူးအဘွား..သူက ...လူကြီးတွေကို အရင်လာနှုတ်ဆက်တဲ့သဘောပါ...နောက်မကြာခင်မှာ လူကြီးစုံရာနဲ့လာခဲ့မယ်လို့ပြောပါတယ် "

" ဘယ်လိုကွဲ မကြာခင်မှာဟုတ်လား..မြန်လှချည်လားကွယ်.."

    ဒေါ်ငွေစင်ထွန်းမှာ မြေးအငယ်မလေး၏မျက်နှာကိုမြင်ယောင်ပြိး လွှတ်ခနဲပြောလိုက်မိသည်။

" ဟုတ်ကဲ့အဘွား..လရိပ်တို့ကအသက်တွေလဲမငယ်ကြတော့ဘူးလေ..တစ်ချိန်လက်ထပ်ကြမဲ့အတူတူ... အချိန်မဆွဲတော့ဘူးလို့် ကိုနေကပြောတယ် "

" အေး..အေးပါ...တွေ့ဆိုတော့လဲ တွေ့ကြည့်တာပေါ့ ..တွေ့မယ်ဆိုရင်တော့ ...ဒီမှာပဲတွေ့ကြတာပေါ့ကွယ်.. "

" ဟုတ်ကဲ့ပါအဘွား ..ကျေးဇူးတင်ပါတယ်နော် ..သမိးအိမ်ထောင်ကျသွားလဲ .....အဘွားခိုင်းချင်တာရှိရင် အချိန်မရွေးခေါ်ခိုင်းလို့ရတယ်နော်အဘွား...အဘွားကိုစောင့်ရှောက်ပေးရမယ်ဆိုရင်လဲ အချိန်မရွေးပြောပါ "

    လရိပ်နွေးက ဘွားအေးဖြစ်သူ၏ခြေဖဝါးလေးများကို သူမ၏လက်ချောင်းလးများနှင့် ခပ်ဖွဖွဆုပ်ကိုင်ပြီးပြောလိုက်သည်။ကြမ်းပြင်ပေါ်တွင်ထိုင်ကာ ဘွားအေမျက်နှာကို မော့ကြည့်နေသော မြေးဖြစ်သူကို ဒေါ်ငွေစင်ထွန်းခပ်ငိုင်ငိုင်ပြန်ကြည့်နေမိသည်။မြေးနှစ်ယောက်က စရိုက်နှစ်မျိုးဟုပဲပြောရမလား။ငွေနှင်းစက်က လိုချင်တာတစ်ခုခုရှိမှ ဘွားအေကြီးထံကိုလာတတ်သည်။လရိပ်နွေးကမူ  ဤသိုမဟုတ်ချေ။ အခုမျိုးကိစ္စတွေမရှုပ်ခင်ကဆိုလျှင် ဘွားအေကြီးဆိကို မကြာခဏရောက်လာတတ်သည်။လာတိုင်းလည်း ဘွားအေကြီး၏ခြေထောက်နားမှာထိုင်ချပြီး ကလေးငယ်လေးလိုတတွတ်တွတ်ပြောနေတတ်သည်။ပြောစရာမရှိလည်း ရှာကြံပြောတတ်သည်။ဘွားအေကြီးက အိပ်ချင်ပြီဆိုမှ   စကားပြောရပ်ပြီး အိမ်အလုပ်သမားများနှင့်စကားဆက်ပြောသည်။ဒါကြောင့်လဲ ဒေါ်ငွေစင်ထွန်း၏အိမ်မှ အလုပ်သမားများကတော့  မာနကြီးလှသောငွေနှင်းစက်နှင့်ယှဉ်လျှင် လရိပ်နွေးကိုပိုပြီးချစ်ခင်ကြသည်။လရိပ်နွေးလာလျှင် သူ့ဘွားအေကြီးအတွက်ပဲ မဟုတ်ဘဲ အလုပ်သမားများအတွက်ပါ စားစရာများပါလာတတ်သည်။လူတကာကို အဆင့်အတန်းမခွဲဘဲ ဖော်ဖော်ရွေရွေနေတတ်သော လရိပ်နွေး၏နေထိုင်မှုပုံစံမှာ အေးစက်စက်နေတတ်ကြသော ငွေစင်ထွန်းမိသားများနှင့်အနည်းငယ်ကွဲပြားနေသည်မှာတော့အမှန်။

မာယာမိုးတိမ်Where stories live. Discover now