စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၄)
akyiphyu
***a***k**y***i**p**h**y***u***" ဘာလဲကွ ...မင်းနဲ့ဘာဆိုင်လို့မေးတာလဲ ...ဖိုင်တွေပြန်တင်ထားလိုက်စမ်းပါ...မင်းနဲ့ဘာမှမဆိုင်ဘူးကွ ...ဘာလဲ ...မင်းက ငါထင်ထားသလိုပဲ.....ငါ့အစ်ကိုခိုင်းထားတဲ့လူလား "
နေသစ်ညီလည်း ဒေါသသံနှင့်မေးလိုက်မိသည်။
" ဒီမှာ..ကိုနေသစ်ညီ...ရှင်ဘာတွေပြောနေတာလဲဆိုတာ ကျွန်မ တကယ်မသိဘူး...ဒါပေမဲ့ ရှင်ဒီ ဒီဇိုင်းတွေကို ဘယ်ကရလာတာလဲဆိုတာကိုပြောပါ ...ဘယ်သူ့ဆီကဝယ်လိုက်တာလဲ "
" ငါ့ဘာသာဘယ်သူ့ဆီကပဲရရ ...ဘယ်ကပဲဝယ်ဝယ် ...မင်းနဲ့ဘာဆိုင်လို့လဲကွ ...မင်းကဘာသဘောနဲ့လာမေးနေတာလဲ "
နေသစ်ညီစိတ်မရှည်နိုင်တော့တာမို့ ကားကိုလူရှင်းသောလမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး လရိပ်နွေး၏လက်ထဲမှ ဒီဇိုင်းဖိုင်ကိုဆွဲယူလိုက်ကာဒေါသတကြီးနှင့်ပြောလိုက်မိသည်။
" ဒီ...ဒီမှာကိုနေသစ်ညီ...ကျွန်မပြောရင် ...ရှင်ယုံပါ့မလားတော့မသိဘူး....ဒီ ဒီဇိုင်းတွေကကျွန်မလုပ်ထားတဲ့ဒီဇိုင်းတွေရှင့်...ကျွန်မရဲ့ဒီဇိုင်းစာအုပ်ပျောက်သွားလို့ရှာနေခဲ့တာကြာနေပြီ...ဒီနေ့လည်းဝေဖြိုးဆိုတဲ့ကောင်ကို ...ဒီစာအုပ်အကြောင်းကိုလာမေးရင်း...ပြဿနာဖြစ်တာပါ ...ရှင်ယုံအောင်သက်သေပြဖို့အတွက် ...ကျွန်မမှာလဲ ဒီဇိုင်းစာအုပ်တော့မရှိတော့ဘူး....စိတ်ကြိုက်မတွေ့လို့ ဖယ်ထားတဲ့ပုံကြမ်းတွေတော့ရှိတယ်...ကျွန်မထင်တာမမှားဘူးဆိုရင်တော့...ဒီဒီဇိုင်းကို ငွေစင်ထွန်းဆောက်လုပ်ရေးကုမ္ပဏီကမဟုတ်ရင်... ငွေစင်ထွန်းပရိဘောဂဆိုင်ကနေ ရှင်ရခဲ့တာမဟုတ်လား...နေပါအုံး....ရှင်ကိုကျွန်မတွေ့ဖူးနေတယ်...ရှင်ဘယ်သူလဲ "
လရိပ်နွေး၏ စကားကြောင့် နေသစ်ညီ၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရလေသည်။ထိုအခါမှ သူမသည်ငွေစင်ထွန်းပရိဘောဂဆိုင်တွင် အလုပ်လုပ်တာကိုသတိရသွားမိလေသည်။
" နေ..နေပါအုံး ...မင်းဒီလိုပြောတာနဲတော့ ဘယ်လိုယုံရမှာလဲ ...အခုချိန်မှာ ငါ့ကို ...ဆောက်လုပ်ရေးလောကကနေဖြုတ်ချချင်တဲ့သူတွေ ရှိနေတယ်..ပြီးတော့ မင်းကရုပ်ရှင်ဆန်ဆန်အနေအထားမျိုးနဲ့ ငါနဲ့တွေ့ဆုံခဲ့တာလေ...မင်းကိုယ်တိုင်ကလည်း ငွေစင်ထွန်းပရိဘောဂအရောင်းဆိုင်မှာ အလုပ်လုပ်တယ်လို့ပြောခဲ့တယ်နော်...မင်းတကယ်အလုပ်လုပ််တာလား ..ဘာလားတော့ ငါလဲမသိဘူးပေါ့..ဒါပေမဲ့တိုက်တိုက်ဆိုင်ဆိုင်ပဲနော်..ငွေစင်ထွန်းဆောက်လုပ်ရေးရုံးခန်းကိုလာတဲ့အချိန်တွေတိုင်းမှာ...မင်းနဲ့ဆုံခဲ့ရတယ်...အခုတော့ ငါလက်ထဲမှာရှိနေတဲ့ဒီဇိုင်းတွေက... မင်းရဲ့ဒီဇိုင်းတွေလို့ ပြောပြန်ပြီနော် ..မင်းပြောနေတာတွေက... မသိရင် အားလုံး အကွက်ချစီစဉ်ထားသလိုပဲ..ကဲပါ..ရှင်းစမ်းပါအုံး ..ငါဘယ်သူလဲဆိုတာကို မင်းမသိတာတော့ မဖြစ်နိုင်ဘူး ..မသိချင်ယောင်ဟန်ဆောင်နေတာပဲဖြစ်မယ်...မင်းကို ငါ့အစ်ကိုပိုက်ဆံဘယ်လောက်ပေးပြီး ခိုင်းထားတာလဲပြောစမ်း...ဒီမှာမပြောဘူးဆိုရင် စခန်းမှာသွားပြောကြတာပေါ့ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ