မာယာမိုးတိမ် 19

195 11 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၉)
akyiphyu
***a***k**y***i**p**h**y***u***

" ဘာ...ဘာပြောလိုက်တယ်.....ဒါကဘာသဘောနဲ့ပြောတာလဲမမ....နှင်းစက်တို့ပြောတဲ့စကားထဲမှာ ကိုဝေဖြိုးကဘယ်လိုပါလာရတာလဲ  "

" မသိဘူးလေ....နှင်းစက်ပဲပြောတာလေ ..နှင်းစက်ရဲ့သတို့သားလောင်းကို မမကလိုက်ပတ်သက်နေတယ်ဆို...မမရဲ့ဘဝမှာ ပတ်သက်မိတဲ့ယောက်ျားက ကိုဝေဖြိုးတစ်ယောက်တည်းရှိတာလေ....ဒါကြောင့်ကိုဝေဖြိုးနဲ့နှင်းစက်က ချစ်သူတွေများလားလို့ ရှင်းရှင်းလင်းလင်းသိရအောင်မေးလိုက်တာလေ "

" မမအသက်ကြီးပြီး စဉ်းစားဉာဏ်မရှိတဲ့စကားတွေမပြောနဲ့နော်....နှင်းစက်ပြောနေတာက ...ကိုနေသစ်ညီနဲ့မမဘယ်လိုပတ်သက်နေလဲဆိုတာကိုမေးနေတာ...နှင်းစက်ဆီကဓာတ်ပုံကြည့်ပြီးတော့...ရအောင်ရှာပြီးလိုက်ပတ်သက်တာမဟုတ်လား ...ပြောစမ်းပါအုံး ..မိန်းမသားတစ်ယောက်ဖြစ်ပြီးမမမှာ ရှက်သိက္ခာရောရှိရဲ့လား "

         ယောက်ျားတစ်ယောက်အတွက်နှင့် ဘီလူးသရဲစီးသလိုဖြစ်နေသော ညီမငယ်ကို  လရိပ်နွေးစိတ်ပျက်စွာကြည့်နေမိသည်။

" ပြောလေ....ဘာလဲ မပြောပြတတ်တော့ဘူးလား ...  လူပုံလေးကြည့်တော့ရိုးပုံရိုးလက်နဲ့. တကယ်ကို အရှက်မရှိတာပဲနော် "

" စကားကိုတိုးတိုးပြောစမ်းငွေနှင်းစက်...လူကြီးတွေကြားသွားရင်မကောင်းဘူး "

" မကောင်းဘူးဟုတ်လား...ဘာမကောင်းတာလဲ ....အခုမှရှက်နေတာလား...ဒါမှမဟုတ် အဖေသိသွားရင်အိမ်ပေါ်ကနေချခံရမှာစိုးလို့လား ...အဖေ့ကိုတော့ကြောက်သေးတာပဲ....မမကတော်တော်အရှက်မရှိတာပဲနော် "

" ဒီမှာနှင်းစက်....အရှက်မရှိတဲ့အကြောင်းကိုပြောရမယ်ဆိုရင်....ငါလဲပြောလို့ရတယ်နော်....နင်သိထားဖို့က ...ငါနဲ့ကိုနေသစ်ညီ သိတယ်ဆိုတာမှန်တယ်....ဒါပေမဲ့ ငါတို့က မိတ်ဆွေအဖြစ်နဲ့သိကြတာ....နင်နဲ့ဝေဖြိုးလို့  အရှက်မရှိ...နောက်ကွယ်မှာခိုးတွဲနေကြတာမဟုတ်ဘူးနော် ....ငါတို့တွေကမတော်တဆဆုံရင်းနဲ့ သိသွားကြတာ"

" ဘာ..ဘာပြောလိုက်တယ် လရိပ်နွေး....ဘာတွေလာပြောနေတာလဲ ....ဘာမဟုတ်တာတွေလာစွပ်စွဲနေတာလဲ ..ကိုယ့်အပြစ်ကို နှင်းစက်ကိုလာပုံမချနဲ့နော်..."

မာယာမိုးတိမ်Where stories live. Discover now