မာယာမိုးတိမ် 46

152 8 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၆)
akyiphyu
***a***k**y***i**p**h**y*** u**
 

" ကျွန်တော်ပြောတာကိုမရှင်းကြလို့လား ...ဗီဇမကောင်းတဲ့နေသစ်ညီကို... ပြိုင်ပွဲကနေနှုတ်ထွက်ဖို့အတွက် ....အားလုံးကိုဒီနေ့တင်ပြမှာပါ '

" ဘာ ...မင်းဘာပြောလိုက်တယ်နေထူးထိုက် ....မင်းအတ္တတော်တော်ကြီးပါလားကွ....နေသစ်ညီက မင်းရဲ့ညီအရင်းဆိုတာကိုသတိရသေးရဲ့လား....မင်းခေါင်းထဲမှာတွေးလိုက်သမျှက ...ကောက်ကျစ်တဲ့အကြံအစည်တွေချည်းပဲလား  ...ငါတို့က ဒီကုမ္ပဏီကို မင်းရဲ့ညီဆီကိုလက်လွှဲပေးမယ်လို့ပြောနေလို့လား ....မင်းမှာဒီလောက်တောင် ယုံကြည်ချက်မရှိဘူးလား ....ကိုယ့်ညီက ကိုယ့်ထက်ပိုတော်နေလို့ နေရာပေးလိုက်ရမှာကို ရှက်နေတာလား ....ဒါမှမဟုတ် ညီဖြစ်သူထက် ရာထူးနိမ့်သွားမှာကိုကြောက်နေတာလား ....မင်းစိတ်ဓာတ်တွေ ... အဲ့ဒီလောက်ထိ သေးသိမ်လိမ့်မယ်လို့ငါလုံးဝမထင်ခဲ့ဘူးကွ "

" အဖေကြိုက်သလိုပြောလို့ရပါတယ် ....ကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေကို  လူအများသိအောင်လုပ်လိုက်မယ်ဆိုရင် ..လူအများက  ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို အဖေမသိချင်ဘူးလား....လရိပ်နွေးဆိုတဲ့မိန်းမက... ဦးမိုးမြင့်ထွန်းရဲ့ သမီးအရင်မဟုတ်တဲ့အပြင် ....သူ့မိဘအရင်းတွေက  ဆေးသမားလောင်းကစားသမားတွေဆိုတာကိုအဖေသိရဲ့လား....အဲ့ဒီလိုလူမျိုးတွေရဲ့ သမက်မျိုးကို ဘယ်ရှယ်ယာရှင်သူဌေးတွေက.ယုံကြည်မှာလဲ ...အဖေ့သားနဲ့အဖေချွေးမဖန်တီးထားတဲ့ဒီဇိုင်းတွေက မိုးပျံအောင်တော်နေပါစေအုံး.... မျိုးရိုးဗီဇာအကျင့်စာရိတ္တာမကောင်းတဲ့သူကို ဘယ်သူဌေးတွေက ငွေပုံအောပြီးလောင်းကြေးထပ်ရဲမှာတဲ့လဲ "

" အစ်ကို တော်လိုက်တော့နော် ....ကျွန်တော်တို့မိသားစုကိစ္စမှာ ....လရိပ်နွေးကိုဘာလို့ထည့်ပြောရတာလဲ ....သူ့မိဘတွေဆိုပြီးပေါ်လာတဲ့သူတွေကလဲ အစစ်အမှန်တွေလို့ ...အစ်ကိုသေချာပြောနိုင်လို့လား...သူတို့သာအစစ်အမှန်တွေဆိုရင် ...ကျွန်တော်နဲ့အန်ကယ်မိုးမြင့်ထွန်းကို ...ဘာလို့လာမတွေ့ရဲကြတာလဲ ...အစ်ကိုဘာကိုမှသေသေချာချာမသိဘဲနဲ့ရမ်းသမ်းမပြောပါနဲ့ "

မာယာမိုးတိမ်Where stories live. Discover now