မာယာမိုးတိမ် 30

204 15 2
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၀)
akyiphyu
***a***k**y***i**p**h**y*** u***

       အဘွားဖြစ်သူ၏စကားကို ငွေနှင်းစက်ခေါင်းညိတ်ပြလိုက်ပြီးတော့ စကားကိုဆက်ပြောလိုက်သည်။

" ကိုဝေးဖြိုးနဲ့ဘာဖြစ်ကြလဲဆိုတာကိုတော့ ..သမီးလဲမသိပါဘူးအဘွားရယ်..သူတို့ဘာသာလမ်းခွဲကြတာကို ...သမီးနဲ့ကိုဝေးဖြိုးကို တိတ်တိတ်ပုန်းတွဲနေတယ်ဆိုပြီး ... မမလရိပ်ကစွပ်စွဲတယ်လေ..တကယ်တော့ ဒါက....မမလရိပ်ကကိုနေသစ်ညီရဲ့နားကို ...ကပ်နိုင်အောင်လို့ လုပ်ကြံပြောတာပဲဖြစ်လိမ့်မယ်...ဒါတွေအားလုံးက သမီးရဲ့အမှားတွေပါအဘွားရယ်.....သမီးက ကိုနေသစ်ညီရဲ့ပုံကိုပြပြီး ... သမီးတို့အကြောင်းကိုပြောလိုက်မိတယ်လေ...အဲ့ဒီနောက်ပိုင်းကစပြီး ..မမရဲ့ပုံစံတွေပြောင်းလဲလာတာပဲ ....ကြည့်ရတာပရိဘောဂဒီဇိုင်းတွေက ...သူလုပ်ထားတဲ့ဒီဇိုင်းတွေလို့ပြောပြီး ...ကိုနေသစ်ညီနားကို ကပ်ခဲ့တာထင်တယ်.....သမီးနဲ့ကိုနေသစ်ညီလက်ထပ်မယ်လို့ ရုံးခန်းထဲက ဝန်ထမ်းတွေကိုပြောပြီးသွားမှ ....အခုလိုဖြစ်သွားတော့ သမီးရှက်တယ်အဘွား....ဖြစ်နိုင်ရင်အလုပ်ကိုလဲ မလာချင်တော့ဘူး.....သမီးဘယ်လိုလုပ်ရမလဲဟင် "

        ငိုနေသော မြေးဖြစ်သူကိုကြည့်ပြီး ဒေါ်ငွေစင်ထွန်းမှာ စိတ်မကောင်းဖြစ်သွားမိသလိုဒေါသလည်းဖြစ်သွားသည်။

"နေပါအုံးသမီးရယ်...သူတို့တွေချစ်သူတွေဖြစ်နေကြပြီလို့...မောင်နေသစ်ညီကိုယ်တိုင်က ပြောတာလား "

" သူကိုယ်တိုင်တော့ပြောသွားတာပဲအဘွား ....ဒါပေမဲ့ ဒီလောက်အချိန်တိုအတွင်းမှာဖြစ်နိုင်လို့လား...ကိုနေသစ်ညီရဲ့ပုံကိုမမလရိပ်ကို ပြလိုက်တုန်းက ..ကိုနေသစ်ညီကို မမလရိပ်က လုံး၀မသိသေးဘူးလေ ... အခုလိုမျိုးတစ်လကျော်အတွင်းမှာ  ...ပြောင်းလဲသွားတာကအရမ်းကိုမြန်လွန်းတယ်...ဒါက  သမီးကို ... မမလရိပ်ကတမင်အနိုင်ယူတာ မဟုတ်ဘူးလားဟင် ...သူတို့နှစ်ယောက်တကယ်ပဲလက်ထပ်ဖြစ်သွားရင်တော့ ဘယ်လိုလုပ်မလဲဟင် အဘွား...သူတို့တွေလက်ထပ်ဖြစ်သွားရင် ....လုပ်ငန်းတွဲလုပ်ဖို့ကို ငြင်းလိုက်ပါလား အဘွား "

မာယာမိုးတိမ်Where stories live. Discover now