စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၈)
akyiphyu
***a***k**y***i**p**h**y*** u**မိခင်ဖြစ်သူထံမှ အရို*က်ခံလိုက်ရသောကြောင့် ငွေနှင်းစက်တစ်ယောက် အခန်းထဲမှဒေါသတကြီးနှင့်ပြေးထွက်ခဲ့လေသည်။
" မြေး...မြေးလေး ..သတိထားလေကွယ် ...အောက်ထပ်မှာအလုပ်သမားတွေရှိနေတယ်လေ "
အခန်းရှေ့တွင် ရှိနေသော ဘွားအေကြီး ဒေါ်သက်သက်မာက မြေးဖြစ်သူကိုဆွဲထားလိုက်ပြီး အခန်းဆီသို့ခေါ်သွားလိုက်လေသည်။ငွေနှင်းစက်၏အခန်းထဲတွင်ကျန်ခဲ့သော ဒေါ်နှင်းရည်သက်သည် ကြမ်းပြင်ပေါ်တွင် ပုံလျက်သား ထိုင်ချလိုက်ပြီး မျက်နှာကိုလက်ဝါးနှင့်အုပ်ပြီး သည်းထန်စွာငိုကြွေးလိုက်လေသည်။
~~~a~~ K~~y~~i~~p ~~h~~y~~u~~~
" မမဘယ်သွားမလို့လဲ "
လရိပ်နွေး အပြင်သို့ထွက်သွားသည်ကိုမြင်သည်နှင့် အေးချမ်းအောင်တစ်ယောက်အပြေးလိုက်ပြီး မေးလိုက်လေသည်။ဦးမျိုးမှာ သားဖြစ်သူကို မတားလိုက်နိုင်ဘဲငေးကြည့်နေရလေသည်။
" ကိုနေနဲ့ အပြင်မှာထမင်းသွားစားမလို့ ...ချိန်ထားလို့ပါအေးချမ်းရဲ့ "
" ဟုတ်လား ...ဒါဆိုရင်တော့ကျွန်တော်မလိုက်တော့ပါဘူးမမရာ...ကျွန်တော့်အတွက်ပါပိုစားခဲ့နော်မမ ....ကားငှားသွားမှာလား "
" အင်း ..ဟုတ်...ဟုတ်တယ် ... ကားငှားသွားမှာလေ ....အပြန်ကျရင် မုန့်ဝယ်လာခဲ့မယ်နော် "
လာရိပ်နွေး ကမန်းကတမ်းပြောခဲ့လိုက်ပြီး အငှားကားတစ်စီးကိုလက်တားလိုက်လေသည်။
အငှားကားပေါ်သို့တက်သွားသော လရိပ်နွေးကိုအေးချမ်းအောင်က မျက်စိတစ်ဆုံး စောင့်ကြည့်နေလိုက်လေသည်။~~~a~~k~~y~~~i~~~p ~~h~~~y~~u ~~
" သားတို့ပြဿနာဖြစ်ကြတာ...အမေ့ကိုဘာလို့မပြောတာလဲ ...နေထူထိုက်က အိမ်ပြောင်းရမှာကို မကျေမနပ်ဖြစ်ပြီးအမေ့ကိုလာပြောနေတာလေ...အမေလဲ ...သားအဖေနဲ့တိုင်ပစ်လိုက်တယ်..အရင်တုန်းကတော့...သူတို့ဘာပြောပြော အချိန်တန်ရင်...ပြီးသွားမှာပဲဆိုပြီး အမေသည်းခံနေခဲ့တာ...အခုတော့သူတို့ပြောတာတွေကို...သက်သေပါယူပြီး...သားတို့အဖေကိုအကုန်ပြန်ပြောလိုက်တော့တယ် "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ