စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၄)
akyiphyu
***a***k**y***i**p**h**y*** u**"ခဏစကားပြောရအောင် "
လရိပ်နွေးမှာ အောက်ထပ်သို့ ဆင်းဖို့ပြင်နေချိန်မှာပဲ ရုတ်တရက်ရှေ့မှပိတ်ရပ်ပြီးပြောလိုက်သော ညီမဖြစ်သူငွေနှင်းစက်ကြောင့် လရိပ်နွေး၏ခြေလှမ်းများရပ်တန့်သွားရလေသည်။
" ဘာပြောချင်လို့လဲနှင်းစက် ....ငါမအားဘူး ...ဆိုင်ကို စောစောသွားရမှာ "
လရိပ်နွေးလေသံခပ်မာမာနှင့် ပြန်ပြောလိုက်သည်။
" ခဏပဲပြောမှာ...ငါလဲမအားပါဘူး ...ငါနဲ့ကိုဝေဖြိုးကိုအထင်လွဲပြီးတော့ ...ကိုနေသစ်ညီနားကိုကပ်ခဲ့တာလား ....ငါနဲ့ကိုဝေဖြိုးဘာမှမဆိုင်ဘူးနော်..ကိုနေသစ်ညီနဲ့နောက်ထပ်မပတ်သက်ပါနဲ့တော့....မင်္ဂလာကိစ္စကိုလဲဖျက်လိုက်ပါ....လူကြီးတွေက နင့်အကြောင်းကိုမသိလို့ လက်ခံလိုက်တာ....နင့်အကြောင်း အမှန်တွေကိုသာသိသွားခဲ့ရင်....နင့်လိုဘာမှအသုံးမကျတဲ့လူမျိုးကို... ကိုနေသစ်ညီတို့ဘက်က လက်ခံမယ်ထင်လို့လား...ကိုနေသစ်ညီကနင့်ရဲ့ဒီဇိုင်းတွေကို ယူပြီးတာနဲ့ ...နင့်ကိုစွန့်ပစ်လိုက်မှာ ....ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီထင်မနေနဲ့...သူနဲ့ငါကလက်ထပ်ဖို့ပြောထားကြပြီးသား....ညီမဖြစ်သူရဲ့ သတို့သားကိုမှလုရလား ....နင့်မှာအရှက်မရှိဘူးလား ..ဘာလဲ ...နင့်အကြာင်းတွေကို ....ကိုနေသစ်ညီရဲ့မိဘတွေကိုပြောပြလိုက်ရမလား....ယောက်ျားတစ်ယောက်ကြောင့်...ကိုယ့်ကိုယ်ကိုသ*တ်သေဖို့လုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုရော ပြောပြလိုက်ရမလား .... ဒါမှမဟုတ် ကိုဝေဖြိုးနဲ့မင်္ဂလာကိစ္စပါပြောထားတာကအစ ပြောပြလိုက်ရမှာလား.....တစ်လောကလုံးက ယောကျာ်းမှန်သမျှနဲ့ပတ်သက်ချင်နေတာ အံ့သြစရာပဲနော်.....ဒါနဲ့ နေပါအုံး...ကားဒရိုင်ဘာကောင်လေးနဲ့ကရိုးသွားပြီလား "
" ဘာ...နင်ဘာပြောလိုက်တယ် နှင်းစက် ... နင်...နင် ... အရမ်းကို ရိုင်းစိုင်းနေပါလား "
အခေါ်အပြောများကအစ ရိုင်းစိုင်းလွန်းလှသော ငွေနှင်းစက်၏ အပြုအမူကြောင့် လရိပ်နွေးဒေါသထွက်သွားကာ စိတ်မထိန်းနိုင်တော့ဘဲ ငွေနှင်းစက်၏ပါးပြင်ကိုရိုက်လိုက်မိလေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ