စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၇)
akyiphyu
***a***k**y***i**p**h**y*** u**" ကျွန်တော်ရှိပါတယ် မနှင်းရည် ..ဘာပြောချင်လို့လဲ "
ဒေါ်နှင်းရည်သက်ကို ကရုဏာမျက်ဝန်းများနှင့် ငေးကြည့်နေသော ဦးမျိုးကိုကြည့်ကာ နေသစ်ညီစိတ်ထဲထူးဆန်းသလိုခံစားနေမိလေသည်။
" သ...သမီးကြီး ..လ..လရိပ်နွေးက ....ကျွန် ...ကျွန်မရဲ့ သမီပါ ....ရှင် .. ရှင်နဲ့ရခဲ့တဲ့ ကလေးပါ ..."
" ဘာ ..ဘာပြောလိုက်တယ် မနှင်းရည် "
အားယူကာတိုးသဲ့သဲ့လေသံနှင့်ပြောလိုက်သော ဒေါ်နှင်းရည်သက်၏စကားကြောင့် ဦးမျိုးနှင့်နေသစ်ညီမှာ အံ့သြတုန်လှုပ်သွားမိကြလေသည်။ထိုစဉ်မှာပင် အခန်းထဲသို့ ဒေါ်သက်သက်မာဝင်ရောက်လာခဲ့လေသည်။ဒေါ်သက်သက်မာသည် ပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်လိုက်ပြီးနောက် ဦးမျိုးနှင့်နေသစ်ညီကို ကြည့်လိုက်လေသည်။
" မင်းကမောင်မျိုးမင်းနော် ....အားလုံးကိုအဒေါ်ပဲရှင်းပြပါမယ်ကွယ် ... သမီးက စကားသိပ်မပြောနဲ့နော်..တော်ကြာအရမ်းမောလာအုံးမယ် "
ဒေါ်သက်သက်မာသည်အသက်အရွယ်နှင့်မလိုက်အောင် စိတ်ကိုတင်ထားဟန်ရှိပြီး သမီးဖြစ်သူကိုနှစ်သိမ့်စကားပြောလိုက်သည်။ထိုနောက် ဦးမျိုးနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး
" သမီးက..မင်းနဲ့ကိုယ်ဝန်ရမှန်းသိတော့ ....ကလေးကို ဖျ/က်ချဖို့အတွက် တို့သားအမိတွေနယ်ဘက်ကိုသွားခဲ့ကြတယ် .. ဒါပေမဲ့ ကိုယ်ဝန်ကလရင့်နေပြီး ...လူကြီးပါအသက်အန္တရာယ်ရှိနိုင်တာမို့ ...ဖျက်ချခွင့်မရဘဲ မွေးခဲ့ရတယ်....မွေးလာတဲ့ကလေးကို ....အဒေါ်က သွားစွန်ပစ်ခိုင်းလိုက်ပြီး ကလေးကအသက်ပါမလာဘူးလို့ ... သမီးကိုလိမ်ပြောခဲ့ပါတယ်.....ကလေးကိုရွာမှာ လူမသိသူမသိပဲမွေးတာမို့ ...သိတဲ့သူအားလုံးကလဲ ဝိုင်းလိမ်ပေးခဲ့ကြတယ် "
ဒေါ်သက်သက်မာ ပြောနေသောစကားများကို ဦးမျိုးမင်းအောင်တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာနားထောင်နေမိလေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ