စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၈)
akyiphyu
***a***k**y***i**p**h**y*** u***ဧည့်ခန်းထဲတွင် အားလုံးတိတ်ဆိတ်စွာထိုင်နေကြသည်။ဒေါ်နှင်းရည်သက်နှင့်ငွေနှင်းစက်မှာလည်း အလုပ်သွားဖို့ရန် မပြင်နိုင်ကြဘဲ လရိပ်နွေး၏ဧည့်သည်ဆိုသူကို ရင်တထိတ်ထိတ်နှင့်စောင့်မျှော်နေကြလေသည်။ဖခင်ဖြစ်သူဦးမိုးမြင့်ထွန်းမှာမူ မျက်နှာတစ်ခုလုံးဒေါသရိပ်များလွှမ်းလျက် ဆိုဖာခုံတွင်ငြိမ်သက်စွာထိုင်နေလေသည်
" တင်းတောင် ...တင်းတောင် "
အားလုံးတိတ်ဆိတ်ငြိမ်သက်နေကြချိန်မှာ ခြံဝဆီမှဘဲလ်တီးသံထွက်ပေါ်လာခဲ့လေသည်။
" ရောက်လာပြီထင်တယ်အဖေ..."
လရိပ်နွေးက ဖခင်ဖြစ်သူကိုပြောလိုက်သည်။
" ရောက်လာလဲ ..သမီးကြီးသွားစရာမလိုဘူး....တံခါးသွားဖွင့်ပေးလိုက်ပါ မလှိုင် "
ဦးမိုးမြင့်ထွန်းကမျက်နှာထားတင်းတင်းနှင့်ပြောလိုက်သည်။
ဖခင်ဖြစ်သူ၏ အမိန့်စကားကြောင့် လရိပ်နွေးမှာခုံတွင်ငြိမ်သက်စွာထိုင်နေရလေသည်။
မကြာခင်အချိန်အတွင်းမှာပဲ ဧည့်ခန်းထဲသို့ဝင်ရောက်လာသော ခြေသံများကိုကြားလိုက်ကြရလေသည်။ခြေသံကြားသည်နှင့်အားလုံးမှာ စိတ်ဝင်တစားနှင့် လှမ်းကြည့်လိုက်ကြလေသည်။
" ဟင် ..မောင်...မောင်နေသစ်ညီပါလား "
ဦးမိုးမြင့်ထွန်းနှင့်ဒေါ်နှင်းရည်သက်မှာအံ့သြထိတ်လန့်သွားသကဲ့သို့ ငွေနှင်းစက်သည်လည်း အံ့သြထိတ်လန့်သွားရလေသည်။
" မောင်နေသစ်ညီပါလား ...ဒီနေ့ သမီးငယ်နဲ့တွေ့ဖို့ပြောထားတာလားဟင် "
ဒေါ်နှင်းရည်သက်က မျက်လုံးအပြူးသားနှင့်မေးလိုက်လေသည်။
နေသစ်ညီသည် အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ဦးမိုးမြင့်ထွန်းနှင့်ဒေါ်နှင်းရည်သက်ကိုစတင်နှုတ်ဆက်လိုက်သည်။
" ဟုတ်ကဲ့ ..မင်္ဂလာပါခင်ဗျ ..အခုလို မပြောမဆိုနဲ့ ရောက်လာခဲ့ရလို့ အန်ကယ်နဲ့ အန်တီ့ကို ...အားနားမိပါတယ်...ဒါပေမဲ့ ..လရိပ်က နေမကောင်းဖြစ်နေတယ်ဆိုလို့ ...စိတ်ပူပြီး အလောတကြီးနဲ့ ရောက်လာခဲ့မိတာပါ ...တကယ်ဆို လူကြီးချင်းသေချာပြောဆိုပြီးမှ.... လာတွေ့ရမှာကို ကျွန်တော်လည်းသိပါတယ်...လရိပ်ကအပြင်ထွက်ခွင့်ပါပိတ်ခံထားရတယ်ဆိုလို့ ...စိတ်ပူပြီးရောက်လာမိတာပါခင်ဗျာ....ကျွန်တော့်ဘက်က မလေးစားသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျာ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ