မာယာမိုးတိမ် 47

175 9 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၇)
akyiphyu
***a***k**y***i**p**h**y*** u**

         အိမ်အလုပ်သမားအမျိုးသမီးကြီးသည် ဒေါ်ငွေစင်ထွန်းနားသို့ ရောက်သောအခါ တရိုတသေနှင့်ပြောလိုက်လေသည်။

" အိမ်ရှေ့မှာ ဧည့်သည်တစ်ယောက်ရောက်နေတယ်တဲ့မေမေကြီး...နာမည်ကအေးချမ်းအောင်လို့ပြောပါတယ် ....လရိပ်ရဲ့ မိတ်ဆွေလို့ပြောပါတယ် "

" အေးချမ်းအောင်ဟုတ်လား ...အေးချမ်းအောင်က ဘယ်သူလဲ သမီးလရိပ် "

        ဒေါ်ငွေစင်ထွန်းကနားမလည်နိုင်စွာနှင့် လရိပ်နွေးကိုလှမ်းမေးလိုက်သည်။

        အေးချမ်းအောင်ဆိုသောနာမည်ကိုကြားလိုက်ရသော လရိပ်နွေးမှာ အားယူကာခေါင်းထောင်ကြည့်လိုက်မိလေသည်။

" သ..သမီးအလုပ်လုပ်နေတဲ့ ဆိုင်က ကောင်လေးပါ အဘွား ...သမီးထွက်လာတာကိုမြင်လို့  စိုးရိမ်ပြီးလိုက်လာတာထင်တယ်...အပြင်မှာခဏစောင့်နေခိုင်းလိုက်ပါ... လရိပ်ထွက်လာခဲ့မယ်လို့ပြောပေးပါနော်ဒေါ်ကြီး "

         အိမ်အလုပ်သမားအဒေါ်ကြီးကို လရိပ်နွေး အားယူကာလှမ်းပြောလိုက်သည်။ပြီးနောက် ရှူဆေးဘူးကိုနှာဝတွင် တေ့ထားလိုက်ရင်းမှ အသက်ကိုဖြည်းလေးစွာ ရှူသွင်းလိုက်လေသည်။

" နေလို့သက်သာရဲ့လားကွယ် ..ဆရာဝန်ခေါ်ပေးမယ်လေ "

         
ဒေါ်ငွေစင်ထွန်းက စိုးရိမ်စွာပြောလိုက်သည်။

" ရ..ရပါတယ်အဘွား....ခဏနေရင်သက်သာသွားမှာပါ...သမီးသွားတော့မယ်နော်အဘွား ..သမီးရဲ့မိဘဆိုသူတွေက ဆက်သွယ်လာခဲ့ရင်... သမီးနဲချိန်းပေးပါနော် "
       
        အဘွားဖြစ်သူကိုနှုတ်ဆက်ပြီး လရိပ်နွေး ထိုင်နေရာမှအာယူကာ ထလာခဲ့လိုက်လေသည်။

       လရိပ်နွေးတစ်ယောက် ဒယိမ်းဒယိုင်နှင့် ထွက်သွားသည်ကိုကြည့်ပြီး ဒေါ်ငွေစင်ထွန်းသည် စိတ်မကောင်းလွန်း၍ ပါးပြင်ပေါ်သို့မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာခဲ့ရလေသည်။

~~a~~k~~~y~~~i~~p ~~h~~y~~~u~~

" ဘယ်လိုဖြစ်ရတာလဲမမလရိပ်ရယ်  ....ကျွန်တော်ဖြင့်စိုးရိမ်သွားတာပဲ.....အစ်ကိုနေသစ်ဆီကိုလဲ ဖုန်းခေါ်ပေမဲ့... အစ်ကိုနေသစ်ကဖုန်းမကိုင်လို့  ....ဒီအထိ ကျွန်တော်လိုက်လာခဲ့တာ... မမလရိပ် ဘာဖြစ်လို့လဲဟင် ..မျက်နှာလဲ မကောင်းဘူး "

မာယာမိုးတိမ်Where stories live. Discover now