စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၆)
akyiphyu
***a***k**y***i**p**h**y*** u**ဦးမိုးမြင့်ထွန်း အိမ်မှကားမောင်းထွက်လာခဲ့ပြီး မိခင်ကြီးအိမ်သို့သွားခဲ့သည်ကို ပြန်သတိရလာမိသည်။အိမ်မှထွက်လာစဉ်က တစ်ယောက်တည်းထွက်လာခဲ့ခြင်းဖြစ်သည်။လမ်းသို့ရောက်သောအခါမှ ကားနောက်ခန်းထဲတွင် သမီးဖြစ်သူငွေနှင်းစက်ပါလာမှန်းသိခဲ့ရခြင်းဖြစ်သည်။ထို့နောက်တွင် သမီးဖြစ်သူခိုင်းစေသည့်အတိုင်း သမီးဖြစ်သူမှပြောသော မြို့ပြင်ရှိဆောက်လက်စ အဆောက်အဦးနေရာသို့ ကားကိုမောင်းနှင်ခဲ့ရသည်။သမီးဖြစ်သူပြောသောနေရာသို့ရောက်လျှင် သမီးဖြစ်သူ၏ ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် သူမတိုက်သောဖျော်ရည်ကိုသောက်ခဲ့ရသည်။ထိုဖျော်ရည်သောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် ဦးမိုးမြင့်ထွန်းသတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။သမီးငယ်သည် သူ့၏အသက်အန္တရာယ်ကို ရန်မပြုခဲ့မှန်းသိလိုက်ရသောအခါမှ ဦးမိုးမြင့်ထွန်းရင်ထဲမှ အပူလုံးကြီးကျသွားရလေသည်။
" သတိရလာပြီလား အဖေ "
သမီးဖြစ်သူ၏ အသံကြောင့်ဦးမိုးမြင့်ထွန်း မော့ကြည့်လိုက်မိလေသည်။
'' သ..သမီးငယ် ...ဒါဘာလုပ်တာလဲကွယ်...ဒီကိစ္စကိုတခြားသူတစ်ယောက်သာသိသွားရင်သမီးဘယ်လိုလုပ်မလဲ...အဖေ့ကို သမီးဘာပြောချင်လို့လဲ...သမီးပြောချင်တာမှန်သမျှကို အဖေနားထောင်ပေးမယ် "
" ဟုတ်ကဲ့ပါအဖေ....ပြောချင်တာတွေကတော့အများကြီးပါပဲ....သမီးကိုမြင်တော့ အဖေအံ့သြမသွားဘူးနော်....သမီးခြေထောက်တွေ ဘာမှမဖြစ်ဘူးဆိုတာကို ဘယ်အချိန်ကတည်းကသိနေခဲ့တာလဲ "
" မ...မကြာသေးပါဘူးသမီးရယ်....သမီးဖွင့်ပြောမယ့်နေ့ကိုအဖေစောင့်နေတာပါ...."
" သမီးဖွင့်ပြောမဲ့နေ့ကိုစောင့်နေတာလား...သမီးကိုဖမ်းပြီး ....ထောင်ထဲထည့်နိုင်ဖို့အတွက်သက်သေတွေရှာနေတာလားအဖေ "
" ဘာ ...ဘာပြောလိုက်တယ်သမီးငယ် ...သမီးကို အဖေကဘာလို့ထောင်ထဲထည့်ရမှာလဲ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ