မာယာမိုးတိမ် (11)

195 6 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၁)
akyiphyu
***a***k**y***i**p**h**y***u***

        မြင်နေရသောမြင်ကွင်းကို လရိပ်နွေး တုန်လှုပ်ချောက်ချားစွာကြည့်နေမိသည်။သူမကြည့်နေစဉ်မှာပဲ ဝေဖြိုးနှင့်ညီမငယ်ငွေနှင်းစက်တို့နှစ်ယောက်သား  တစ်ယောက်နှင့်တစ်ယောက်ဖတ်လျက် တိုက်ခန်းလှေကားအတိုင်းတက်သွားကြလေသည်။သည်မြင်ကွင်းကို လရိပ်နွေး သတိကင်းမဲ့သူလို ငေးကြောင်ကြည့်နေမိခဲ့သည်။ဝေဖြိုးတစ်ယောက် အသစ်တွေ့ကာ ဖောက်ပြားနေလောက်သည်ကို လရီပ်နွေးခန့်မှန်းထားခဲ့မိသော်လည်း တစ်ဖက်လူသည် ညီမငယ်ငွေနှင်းစက်ဖြစ်လိမ့်မည်ဟု ယောင်လို့်တောင် မတွေးခဲ့ဖူးချေ။ပြီးတော့ ငွေနှင်းစက်တစ်ယောက်  ထိုက်မိသားစုမှတစ်ယောက်နှင့် အရမ်းကိုလက်ထပ်ချင်နေခဲ့တာကိုလည်း လရီပ်နွေး အကဲခတ်မိသည်။သို့ပါလျက် ငွေနှင်းစက်ဘာတွေဇာတ်ရှုပ်နေသည်လဲ။ဘာလို့ သူမအပေါ် ဤမျှလောက်အထိရက်စက်နိုင်တာလဲ။တွေးရင်းစိတ်ထဲပိုရှုပ်ထွေးလာသည်။လူကအသိစိတ်ကင်းလွတ်သူလိုဖြစ်နေမိသည်။မြင်လိုက်ရသော မြင်ကွင်းအတွက် ငိုရမှာလား၊ဒေါသထွက်ရမှာလား မဝေခွဲနိုင်ဖြစ်နေမိသည်။လရိပ်နွေးထိုင်ရာမှထလိုက်ပြီး လမ်းမပေါ်မှာ ဒယိုင်းဒယိုင်နှင့်လျှောက်လာခဲ့မိသည်။ဤမယုံကြည်နိုင်စရာမြင်ကွင်းက အိပ်မက်လေလား၊တကယ်လားဆိုသည်ကိုပင် မကွဲပြားချင်တော့ ။မျက်လုံးထဲမှာ ငွေနှင်းစက်နှင့်ဝေဖြိုးတို့၏ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ကာ လျှောက်သွားသောမြင်ကွင်းကိုပဲမြင်နေမိသည်။

~~a~~~~~k~~~~~y~~~~i~~~~~p~~~~h~~~~~~y~~~~~~u~~~~~~~~~

     နေသစ်ညီ ကားမောင်းနေရင်း လက်မှနာရီကိုကြည့်လိုက်မိသည်။အချိန်က ညရှစ်နာရီကျော် ။သူနှင့်ငွေနှင်းစက် ကော်ဖီဆိုင်ထိုင်ပြီး တစ်နာရီနီးပါးလောက် စကားပြောပြီးမှ လမ်းခွဲခဲ့ကြသည်။သို့သော်လည်း သူတို့စကားပြောခဲ့သော တစ်နာရီအတွင်းမှာ  အိမ်တွင်းဒီဇိုင်းပိုင်းကို ငွေနှင်းစက်ရှင်းပြခဲ့သည်ကို နေသစ်ညီသိပ်ပြီးအားမရ။သူမမူကြမ်းပေးလိုက်သော ဒီဇိုင်းများက အသေးစိတ်လှသော်လည်း သူမပြောပြရှင်းပြသည်မှာ အားရစရာမရှီ။ပရိဘောဂများအတွက် ဘယ်လိုကုန်ကြမ်းကိုသုံးသင့်လဲဟုမေးခဲ့သော်လည်း ရေရေရာရာဖြေမသွားခဲ့။သူမကိုကြည့်ရသည်မှာ ဒီဇိုင်းအတွက် လျှိုဝှက်သည်ပဲလား။သို့မဟုတ် ဘာအကြောင်းများရှီနေသည်လည်း မသိနိုင် ။သည်လို မရေရာမသေချာသော အလုပ်မျိုးကိုတော့ နေသစ်ညီစိတ်မဝင်စား။ငွေနှင်းစက်လှသည်မှာ မှန်သော်လည်း  လှပသောမိန်းကလေးတစ်ယောက်နှင့်တွဲသွားတွဲလာလုပ်နေရသည်ကို ကျေနပ်တတ်သော လူစားမျိုးထဲတွင် နေသစ်ညီမပါ။နေသစ်ညီအဖို့ ငွေနှင်းစက်နှင့်မကြာခဏတွေ့ဆုံနေရခြင်းမှာလည်း အလုပ်ကိစ္စဆိုသော ခံစားမှုမှလွဲ၍ခံစားချက်မရှိဖြစ်နေမိသည်။နေသစ်ညီက အလုပ်ကို အာရုံစိုက်လွန်းသူမို့ထင်သည်။ ဒီဇိုင်းစာအုပ်ထဲမှ ဒီဇိုင်းများနှင့်ပတ်သက်ပြီးငွေနှင်းစက်ရှင်းပြသည်ကို လုံးဝကို အားမရဖြစ်နေမိသည်လေ။

မာယာမိုးတိမ်Where stories live. Discover now