မာယာမိုးတိမ် 43

170 16 2
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၃)
akyiphyu
***a***k**y*** p***h****y***** u****     

" မင်းဘာပဲပြောပြော...ငါလက်မခံတော့ဘူးမိုးမြင့်ထွန်း...အတူတူနေခဲ့တဲ့သံယောဇဉ်ကိုထောက်ထားပြီး...ထိုက်သင့်သလောက်တော့ပေးလိုက်ပါ ..သမီးအရင်းနဲ့အတူ အမွေတစ်ဝက်စီခွဲပေးဖို့ကိစ္စကတော့
....လုံးဝမဖြစ်နိုင်တော့ဘူး....သူ့မိဘရင်းတွေက...ဆေးသမားလောင်းကစားသမားဆိုမှတော့ ...မင်းမှာရှိသမျှ အမွေတွေအကုန်ပေးလိုက်လဲ..မကြာခင်ကုန်သွားမှာပဲ ....အသက်(၃၀)ကျော်အထိတောင် ငါတို့ဘက်ကစောင့်ရှောက်ပေးလာခဲ့ပြီးပြီပဲ...သူ့ကိုအားလုံးအမှန်အတိုင်းပြောပြလိုက်တော့ မိုးမြင့်ထွန်း "

       မိခင်ဖြစ်သူ၏စကားကြောင့် ဦးမိုးမြင့်ထွန်းစိတ်ပျက်လက်ပျက်နှင့် မိခင်ကြီးကိုကြည့်လိုက်မိလေသည်။

" ဘယ်လိုပြောလိုက်တာလဲအမေရယ်...နှစ် (၃၀)ကျော်တောင်မွေးလာခဲ့ပြီးမှ ...ဒီလိုမျိုးတော့ မပြောရက်ဘူး..အမေရော ..သမီးကြီးပေါ်မှာတကယ်ပဲသံယောဇဉ်မရှိဘူးလား..သမီးကြီးက အမေ့ကိုဘယ်လောက်ချစ်လဲဆိုတာအမေအသိဆုံးပါ...သူ့ခမျာသူ့အဘွားနဲ့နေချင်လွန်းလို့ ...ခဏခဏပူဆာခဲ့တာ ...အမေကတော့မြေအရင်းမဟုတ်ဘူးဆိုပြီး လက်မခံခဲ့တာလား...ရက်စက်လိုက်တာအမေရာ ..သမီးကြီးလိုမျိုး လိမ္မာပြီးချစ်စရာကောင်းတဲ့ကလေးအပေါ်မှာ ....အမေတကယ်ပဲသံယောဇဉ်လေးနည်းနည်းတောင်မရှိခဲ့ဘူးလား....ဒီလိုမျိုး ....တခြားသူတွေက လွယ်လွယ်နဲ့လာပြန်တောင်းတာကိုအမေပေးရက်လိုက်နိုင်တာလား...ကျွန်တော်တို့ဘက်က ဘာမှစစ်ဆေးမှုမလုပ်ရသေးဘူးအမေ...စစ်ဆေးမှုလုပ်ဖို့အတွက်.. သမီးကြီးကိုပြောမထွက်လို့...ကျွန်တော့်ဘက်ကမစစ်ဆေးသေးတာပါ....သူတို့တွေက သမီးကြီးရဲ့မိဘရင်းတွေဆိုတာကို..ကျွန်တော်ကလက်ခံသေးတာမဟုတ်ဘူး ..ဒီကိစ္စအားလုံးကိုသမီးကြီးမသိဘဲ ဖြေရှင်းနိုင်ဖို့ကျွန်တော်ကြိုးစားနေတယ်   ...ကျေးဇူးပြုပြီး  အမေဘာမှမပြောပါနဲ့အုံးနော်...ပြီးတော့အမွေကိစ္စကလဲ ..နွေးကသူပိုင်ဆိုင်ခဲ့သမျှကိုသမီးကြီးအတွက်ပဲလွှဲပေးခဲ့တာ ..နွေးရဲ့ပိုင်ဆိုင်မှုတွေက သမီးငယ်နဲ့ဘာမှမဆိုင်ဘူးအမေ....ဒီကိစ္စကိုအမေတို့ ရှင်းရှင်းလင်းလင်းသိဖို့တော့လိုတယ် "

မာယာမိုးတိမ်Where stories live. Discover now