စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁ဝ)
akyiphyu
***a***k**y***i**p**h**y***u***အာကာကျော်ကလည်းတည်ငြိမ်စွာနှင့်ပင် လရိပ်နွေးကိုပြန်ကြည့်လာလေသည်။
" ဘာမေးမလို့လဲ လရိပ် ...မေးလေ "
" ဟုတ်ကဲ့ပါ ကိုအာကာ....ဒီ...ဒီလိုပါ....ကိုအာကာများ....လရိပ်ရဲ့ဒီဇိုင်းစာအုပ်ကို ယူသွားသေးလားလို့ပါ "
" ဗျာ...လရိပ် ...ဒါ..ဒါကဘာသဘောနဲ့မေးတာလဲ...ကျွန်တော်အလုပ်လုပ်နေတဲ့နေရာနဲ့...လရိပ်ရဲ့နေရာကတခြားစီပဲနော်....လရိပ်ပြောပုံက ...ကျွန်တော့်ကို သူခိုးလို့စွပ်စွဲနေတာနဲ့တူနေပြီနော်...လရိပ်မှာ ပရိဘောကဒီဇိုင်းဆန်းတွေ အများကြီးရှိတယ်ဆိုလို့......ကျွန်တော်ခဏလေးပဲ...ဝင်ကြည့်ခဲ့မိတာပါ...နောက်ထပ်ဝင်ကြည့်ဖို့ကလဲ ...လရိပ်တို့ဆိုင်နဲ့ကျွန်တော့်ရုံးခန်းက တခြားစီလေ...လရိပ်ပြောတဲ့စကားက...ကျွန်တော့်သိက္ခာကိုစော်ကားနေသလိုပဲဆိုတာ တွေးမိရဲ့လား "
အာကာကျော်၏ ပြောစကားကြောင့် လရိပ်နွေးအတော်လေးပင် အားနာသွားမိသည်။အာကာကျော်ပြောသည်မှာလည်း မှန်လေ၏။အာကာကျော်သည် မိခင်ဖြစ်သူ၏ အတွင်းရေးမှူးဆိုသည်မှာမှန်သော်လည်း သူမရှိနေသောအရောင်းဆိုင်မှာ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နိုင်သည့် အခွင့်အရေးတော့မရှိ။ဤသို့ဆိုလျှင် သူမဒီဇိုင်းစာအုပ်ကိုယူသွားသူမှာ သူမ၏အရင်းနှီးဆုံးလူများသာဖြစ်လိမ့်မည်ထင်သည်။
" ဆော...ဆောရီးပါ ကိုအာကာ ~~လရိပ်တောင်းပန်ပါတယ်ရှင်...လရိပ်ရဲ့ဒီဇိုင်းစာအုပ်လေးပျောက်သွားလို့်...လရိပ်လည်းထူပူပြီး လိုက်မေးနေမိတာပါ...အဲ့ဒီစာအုပ်က လရိပ်ရဲ့နှလုံးသားနဲ့တူတူပါပဲကိုအာကာ "
" သမီးကြီး ဘာလုပ်နေတာလဲ ..."
" ရှင်..အ..အဖေ "
ရုတ်တရက်ကြီး နောက်သို့ရောက်လာသော ဖခင်ဖြစ်သူကိုကြည့်ပြီး လရိပ်နွေးထိတ်လန့်တုန်လှုပ်သွားမိလေသည်။လရိပ်နွေးတို့၏ ဖခင်ကြီးသည် စေ့စပ်သေချာသူတစ်ယောက်ဖြစ်သောကြောင့် ကိစ္စတစ်ခုကို သေသေချာချာရေရေရာရာမသိဘဲနှင့် လုပ်ဆောင်လျှင်မကြိုက်။ လရိပ်နွေးက မသေချာပါဘဲနှင့် အာကာကျော်ကို သူခိုးဖြစ်သယောင်စွပ်စွဲပြောဆိုနေသည်ကိုသိလျှင် စိတ်ဆိုးမည်မှာ သေချာသည်။ထို့်ကြောင့် ဖခင်ဖြစ်သူ၏ အမေးကို အတတ်နိုင်ဆုံးရှောင်လွှဲဖြေဆိုရန် အမြနစဉ်းစားလိုက်မိသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ