မာယာမိုးတိမ် 17

217 8 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၇)
akyiphyu
***a***k**y***i**p**h**y***u***
       နံနက်ရှစ်နာရီကျော်နေပြီ။အိမ်ထဲမှာ ဘွားသက်၏အသံမှလွဲ၍ တစ်အိမ်လုံးတိတ်ဆိတ်နေနေသည်။လရိပ်နွေး မိဘများ၏အခန်းရှိရာဆီသို့ ဖြေဖွနင်း၍လျှောက်သွားလိုက်သည်။အခန်းရှေ့နားသို့အရောက်တွင် အခန်းထဲမှထွက်လာသော ညီမဖြစ်သူနှင့်ဆုံလိုက်ရလေသည်။ထိုအခါ ငွေနှင်းစက်၏မျက်နှာမှာတင်းမာလျက်ရှိပြီး  လရိပ်နွေးလည်း မျက်နှာထားကိုတင်းထားလိုက်သည်။တကယ်ဆိုလျှင် အစ်မဖြစ်သူအပေါ်မှာသူဒီလောက်မရိုင်းသင့်ဟု ထင်မိသည်။သေချာတာကတော့ဒီဇိုင်းတွေက သူ့ရဲ့ဒီဇိုင်းတွေမှမဟုတ်တာ။တကယ်လို့များ ဒေါ်နှင်းရည်သက်ကပေးထားသည်ဆိုလျှင်တောင် ဒါတွေကလရိပ်နွေး၏ ပုံစံဒီဇိုင်းဆိုတာကိုငွေနှင်းစက်မသိဘဲတော့မနေ။ကျိန်းသေကိုသိသည်။အစ်မဖြစ်သူက ဒီဇိုင်းတွေကိုဆွဲနေတာသူမသိပါဘူးဟု လိမ်ညာပြောခဲ့သော ညီမဖြစ်သူကို လရိပ်နွေးအတော်လေးတော့အမြင်ကပ်သွားမိသည်။သူ့အခန်းထဲသို့ဝင်လျှင် ခွင့်ပြုချက်တောင်းပြီး ဝင်မှကြိုက်သော်လည်း လရိပ်နွေး၏အခန်းထဲသို့မူ  သူ့စိတ်ကြိုက်ဝင်ထွက်ခဲ့သည်ပဲမဟုတ်လား။ဒါကိုဖခင်ဖြစ်သူ၏ရှေ့မှာ ပေါ်တင်ကြီးငြင်းသွားတော့ ညီမငယ်၏စိတ်ရင်းအမှန်ကို အတော်လေးနားလည်သဘောပေါက်လိုက်သည်။ဒေါ်နှင်းရည်သက်မှ ပေးတာကြောင့် မသိဘဲယူထားခဲ့မိသည်ဆိုလျှင်လည်း တောင်းပန်စကားတစ်ခွန်းတည်းပြောရုံနှင့် လရိပ်နွေးကကျေနပ်မည့်သူပါ။ သို့သော်လည်း အမှားမလုပ်ထားသကဲ့သို့ သူကပဲတစ်ပြန်မျက်နှာထားတင်းနေသောကြောင့် လရိပ်နွေးလည်း မျက်နှာကိုခပ်တင်းတင်းပင်ထားလိုက်သည်။သူမအပေါ်ငွေနှင်းဆက်လုပ်ထားတဲ့အပြစ်များက ဤတစ်ခုထဲမှမဟုတ်တာ။ဝေဖြိုးနဲ့ကိစ္စကိုလည်း မရှင်းချင်လို့သာထားခဲ့လိုက်တာ။တကယ်ဆို ဒီကိစ္စက မလုပ်သင့်တဲ့ကိစ္စလေ။လရိပ်နွေးနှင့်ဝေဖြိုးတို့ ချစ်သူတွေဖြစ်နေကြတာကို သူသိသိကြီးနဲ့ ဝေဖြိုနှင့်တိတ်တိတ်ပုန်းတွဲခုတ်ခဲ့တာလေ။သူတို့နှစ်ယောက်အကြောင်းကို ဒေါ်နှင်းရည်သက်ရော သိနေလားဆိုတာကိုတော့လည်း လရိပ်နွေးသိချင်မိ ၏။

မာယာမိုးတိမ်Where stories live. Discover now