စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၀)
akyiphyu
***a***k**y***i**p**h**y*** u**ဒေါ်နှင်းရည်သက်သည် ထိတ်လန့်တုန်လှုပ်သွားသော ဒေါ်ခင်သစ္စာကိုကြည့်လိုက်ပြီးနောက်
" ဟုတ်ပါတယ် မခင်သစ္စာ ..လရိပ်အားငယ်သွားမှာစိုးလို့ ..ကျွန်မတို့ဘက်က ဖုံးဖီထားခဲ့တာပါ ..အခုဟာက လရိပ်ရဲမိဘရင်းတွေက လရိပ်ကိုအကြောင်းပြပြီး ငွေလာတောင်းတယ်လေ..ဒါကြောင့်လဲ မင်္ဂလာပွဲကို လူသိရှင်ကြားလုပ်ဖို့ ကျွန်မတို့ဘက်ကတားမြစ်ခဲ့တာပါ..အခုတော့ ဘယ်ကနေဘယ်လို သိသွားလဲမသိဘူး...မောင်နေသစ်ညီဆီကိုလာလိမ့်မယ်ထင်တယ်....မိဘတွေက နှစ်ယောက်လုံးလောင်းကစားသမားတွေ...လူရမ်းကားတွေဆိုတော့ နည်းနည်းတော့ဂရုစိုက်ပါရှင် "
ဒေါ်နှင်းရည်သက်၏စကားများကြောင့် ဒေါ်ခင်သစ္စာမှာ အမှန်တကယ်ပင်လျှင် ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေနေမိလေသည်။
" ကျွန်မကို ...ပြန်..ပြန်ခွင့်ပြုပါအုံး .....မနှင်းရည်သက်
ဒေါ်ခင်သစ္စာသည် တုန်တုန်ယင်ယင်နှင့်ပြောပြီးနောက် ထပြန်ခဲ့လေသည်။ဒေါ်ခင်သစ္စာတစ်ယောက်တုန်လှုပ်ချောက်ချားစွာပြန်သွားသည်ကိုကြည့်ပြီး ဒေါ်နှင်းရည်သက်ကျေနပ်စွာ ပြုံးလိုက်ပြီး နေရာမှထလိုက်လေသည်။
" ဟယ်လို ..ဒေါ်နှင်းရည်သက် ...တူပါတယ်ဆိုပြီး ကြည့်နေတာ တကယ်ပဲမမနှင်းဖြစ်နေခဲ့တာကို "
အနားကပ်ပြီးနှုတ်ဆက်လိုက်သောအသံကြောင့် ဒေါ်နှင်းရည်သက်သည် နှုတ်ဆက်သူကို ကြည့်လိုက်မိလေသည်။
" ဟင် ...ရှင်...ရှင်... ကိုကိုဇော် "
" ဟုတ်ပဗျာ ..ကိုကိုဇော်ပါ...မှတ်မိသေးလို့ကျေးဇူးတင်ပါတယ်ဗျာ "
ဒေါ်နှင်းရည်သက်သည် ကိုကိုဇော်ကိုကြည့်ပြီး ခြေလှမ်းများယိမ်းယိုင်သွားကာ လဲကျမလိုပင်ဖြစ်သွားရလေသည်။
" ဟော့ဗျာ ..ဘယ်လိုဖြစ်ရတာလဲ မမနှင်းရဲ့..ကျွန်တော့်ကို မြင်လို့်လန့်သွားတာလား...မလန့်ပါနဲ့ဗျာ "ကိုကိုဇော်သည် ယိမ်းယိုင်သွားသော ဒေါ်နှင်းရည်သက်ကို ဖေးမထိန်းပေးလိုက်ရင်းမှ ခပ်ရိရိလေသံနှင့်ပြောလိုက်လေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ