မာယာမိုးတိမ် 37

190 14 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၇)
akyiphyu
***a***k**y***i**p**h**y*** u**

    
    လရိပ်နွေး ဖခင်ဖြစ်သူကို မယုံကြည်နိုင်စွာမေးလိုက်မိလေသည်။

" ဟုတ်တယ် သမီးကြီး ..မနက်ကျရင် ..သမီးရဲ့ညီမ ဆေးရုံကဆင်းလာလိမ့်မယ်..အခုချိန်မှာတော့ ...ညီမလေးကို တွေ့ရတာ .သမီးလဲအနေရခက်မှာပဲ..ဒါကြောင့်အကောင်းဆုံးကို အဖေစီစဉ်လိုက်တာပါ ..ဟိုမှာ အလုပ်သမားတွေလဲရှိနေတော့ သမီးအတွက် အဖော်ရမှာပါ ...ပြီးတော့ သမီးစိတ်ကြိုက် ပရိဘောဂဒီဇိုင်းတွေကို လုပ်လို့ရတယ်လေ ...သဘက်ခါညနေကားလက်မှတ် ဝယ်ခိုင်းထားတယ် ..သမီးကလိုချင်တာတွေကို ပြင်ဆင်ထားလိုက်လေ..ဆိုင်မှာယူစရာတွေရှိရင်လဲ မနက်ဖြန်သွားသိမ်းလိုက်‌လေ "

      ဖခင်ဖြစ်သူကို စကားတစ်ခွန်းမျှ ပြန်မပြောမိဘဲ  လရိပ်နွေးမျက်လုံးအကြောင်သားနှင့်ငေးကြည့်နေမိလေသည်။

~~ a~~~k~~y~~~i ~~ p~~h~~~y ~~~u ~~~

     ခုတင်ပေါ်တွင် လာရိပ်နွေးပအတန်ကြာထိုင်နေခဲ့ပြီးနောက် ဖုန်းကိုဖွင့်လိုက်သည်။

" တူ..တူ "

    ဖုန်းပွင့်သွားချိန်မှာ ဖုန်းထဲသို့စာတိုဝင်လာသံကြားလိုက်ရသည်။

" မင်းအဆင်ပြေရဲ့လား ...ကိစ္စရှိရင် ဖုန်းဆက်လိုက်ပါ...ဒီလကုန်လို့်မှ မင်းဆီက အဆက်အသွယ်မလုပ်ရင်..ကိုယ်တို့ပြောထားတဲ့ကိစ္စကို မရှိခဲ့ဘူးလို့သဘောထားလိုက်တော့မယ် "

   စာကိုဖတ်ပြီး လရိပ်နွေးကိုယ်လေးဆတ်ခနဲတုန်သွားမိသည်။ယနေ့ကလကုန်ရက်မဟုတ်ပါလား။ယနေ့ည ဆယ့်နှစ်နာရီကျော်လျှင် လတစ်လ၏ နေ့ရက်သစ်ဖြစ်သော တစ်ရက်နေ့ သို့ရောက်ရှိမည် မဟုတ်ပါလား။လရိပ်နွေးထိုင်နေရာမှ ဖျတ်ခနဲထရပ်လိုက်မိလေသည်။

~~~a ~~~k~~~y ~~i ~~ p~~h~~y~~u~~

    ယနေ့ငွေနှင်းစက် ဆေးရုံမှဆင်းလာသောနေ့ဖြစ်သည်။လူမှာအတော်လေးကျန်းမာသွားပြီဖြစ်သော်လည်း လမ်းမလျှောက်နိုင်းသေးသောကြောင့် ဘီးတပ်ကုလားထိုင်ဖြင့်သွားလာရလေသည်။

    အဘွားဖြစ်သူဒေါ်ငွေစင်ထွန်အပါအဝင် အိမ်သားအားလုံးဧည့်ခန်းထဲတွင် စုံလင်စွာရှိနေသော်လည်း  ဧည့်ခန်းတွဲတွင်ရှိနေသောမိသားစုကိုအသံတိတ်ငေးကြည့်ခဲ့ပြီးနောက် သူမအခန်းရှိရာဆီသို့ ပြန်လာခဲ့ပြီး ငြိမ်သက်စွာထိုင်နေမိလေသည်။ငွေနှင်းစက်ဆေးရုံတက်နေစဉ် တစ်ချိန်လုံးလည်း သူမအခန်းအောင်းနေခဲ့ရသည်။သူမဘဝသည်‌ နေသစ်ညီပြောသကဲ့သိုပါပင် အခန်းထဲတွင် အပြစ်ရှိစိတ်နှင့်တစ်ယောက်တည်းအထိးကျန်နေခဲ့ရသည်။အားလုံးက ငွေနှင်းစက်နားတွင်း စိုးရိမ်ပူပန်စွာရှိနေကြချိန်မှာ သူမမှာတော့ အိမ်အလုပ်သမားများကိုပင်လျှင် ရဲရဲမကြည့်ဝံ့ဘဲ ခေါင်းငုံ့နေခဲ့ရသည်။အစားတစ်လုတ်ကို စိတ်ချလက်ချ ဖြောင့်ဖြောင့်တန်းတန်းမစားရဲသောကြောင့် အသီးအနှံများနှင့် ကြက်ဥပြုတ်ကိုသာ အားထားစားနေခဲ့ရသည်။တွေးကြည့်လျှင် သူမဘဝမှာ အကျဉ်းချခံထားရသည်ထက်ပင်  စိတ်ကျဉ်းကျပ်စရာကောင်းလှလေသည်။

မာယာမိုးတိမ်Where stories live. Discover now