စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၁)
akyiphyu
***a***k**y***i**p**h**y*** u***" ဘယ်လိုလဲကွယ်...ဖြေရခက်နေပြီဆိုတော့....မရိုးမသားကိစ္စများလား "
" ဟာဗျာ....အဘွားကလဲ မဟုတ်တာတွေပြောတော့မယ်...တကယ်တော့ လရိပ်က ဦးမိုးမြင့်ထွန်းရဲ့သမီးအကြီးဆိုပေမယ့် ....ပထမအိမ်ထောင်နဲ့မွေးတာတဲ့....ဒေါ်နှင်းရည်သက်ကနောက်အိမ်ထောင်တဲ့လေ ...အခုပြဿနာဖြစ်နေတာက ဒေါ်နှင်းရည်သက်တို့က ....လရိပ်ကို လူမသိသူမသိဒုက္ခပေးနေကြတယ်တဲ့....သက်သေပြလို့မရပေမယ့် လရိပ်အတွက်နေရထိုင်ရတာအဆင်မပြေဘူးဖြစ်နေတယ်လေ....ဒါကြောင့်ကျွန်တော်တို့ အမြန်ဆုံးလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပါ ....လက်ထပ်ပြီးမှပဲအလုပ်တွေ ဆက်လုပ်မယ်လို့ဆုံးဖြတ်ထားကြတယ် "
" ဘယ်လိုကွဲ့.....ငွေနှင်းစက်တို့အမေကဒုတိယအိမ်ထောင်ပေါ့ ....ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မပြောကြတော့ ....တို့များမသိပါဘူး...ဒါနဲ့ နှင်းရည်သက်ဆိုတဲ့အမျိုးသမီးက... အဲဒီလိုစိတ်ထားမျိုးရှိတာလား...တကယ်မထင်ရဘူးပဲ....စကားပြောအင်မတန်ချိုတာလေ...အဘွားတောင်မှ သူ့ကိုကြည့်ပြီး...မင်းအမေနဲ့တော့ကွာပါလို့တွေးနေခဲ့သေးတာ...ခင်သစ္စာတို့များ သွက်သွက်လက်လက်လဲမပြောတတ်..ယောက်ျားကိုလည်းမချွဲတတ် ...ယောက္ခမကိုလဲမချွဲတတ်နဲ့ သူလုပ်စရာရှိတာကိုလုပ်ပြီး... ပါးစပ်ပိတ်ငြိမ်နေတော့တာပဲ....အဲဒါကြောင့်သူစရောက်တုန်းက..အဘွားကမင်းအမေကိုကြည့်မရတာပေါ့ ...."
ဒေါ်ရတနာထိုက်က ချွေးမဖြစ်သူကိုကြည့်ပြီး ပြောချလိုက်လေသည်။အမှန်တကယ်လည်းပဲ ဒေါ်ခင်သစ္စာနှင့်ဦးနေထိုက်တို့ မင်္ဂလာဦးကာလတွေတုန်းက ဒေါ်ခင်သစ္စာကိုဒေါ်ရတနာထိုက်ကကြည့်ရခဲ့တာမဟုတ်။နှစ်ကာလအကြာကြီးနေပြီးတော့မှ ဒေါ်ခင်သစ္စာရဲ့ .စိတ်ရင်းမှန်ကိုသိပြီး ယောက္ခမနဲ့ချွေးမကြားမှာ ပြေလည်သွားခဲ့ခြင်းဖြစ်သည်။ဒေါ်ခင်သစ္စာသည်လည်း ဒေါ်ရတနာထိုက်ပြောသကဲ့သို့ပင် လုပ်စရာရှိတာကိုလုပ်ပြီး စကားအပိုမပြောတတ်သူဖြစ်သည်။ဒေါ်ခင်သစ္စာသည် ရင်တွင်းမှချစ်ခြင်းမေတ္တာတရားကို အပြုအမူများနှင့်သာ ပြသတတ်ပြီးတော့ နှုတ်ကချိုချိုလေးမပြောတတ်သူဖြစ်သည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ