စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၄)
akyiphyu
***a***k**y***i**p**h**y***u***" ဟယ်လို အဘွား "
" အေး..ဘယ်လိုလဲနေသစ်....ကောင်မလေးကိုသဘောကျလား ....မိန်ကလေးတွေဘက်က မင်းလိုချင်တဲ့ပုံစံမျိုးပဲလေ ...အချမ်းသာကြီးလည်းမဟုတ်ဘူး..ရုပ်လေးလည်းချောတယ်.."
" ဟိုလေ အဘွား..ဒီလထဲမှာ လုပ်ငန်းသစ်လေးတစ်ခုလုပ်စရာရှိ "
နေသစ်ညီဆုံးအောင်ပင်ပြောခွင့်မရလိုက် ဖုန်းထဲမှ အဘွားဖြစ်သူ၏အော်သံထွက်ပေါ်လာခဲ့သည်
" ဟေ့ ..နေသစ်ညီတော်စမ်း ...ငါ့ကို ဘာဆင်ခြေမှမပေးနဲ့.....မနက်ဖြန်ညနေကျရင် ..အိမ်ကိုပြန်လာခဲ့ ငါစောင့်နေမယ် ..မင်းပြန်မလာရင် မင်းအမေကို အခေါ်ခိုင်းလိုက်မယ် "
" ဟာ အဘွား...မနက်ဖြန်ညနေကျရင် ..ကျွန်တော့်မှာချိန်းထားတာရှိ ...."
သည်တစ်ခါလည်း နေသစ်ညီစကားဆုံးအောင် မပြောလိုက်ရပြန်ပါ။တစ်ဖက်မှ ဖုန်းချသွားခဲ့လေပြီ။နေသစ်ညီ စိတ်မောလူမောနှင့် သက်ပြင်းရှည်ကြီးကိုချပစ်လိုက်သည်။သွေးသားဆိုသည်မှာ မခေါ်ချင်လို့်ရသည်။မတော်ချင်လို့မရဟူ၏။သို့သော်လည်း နေသစ် ညီအဖို့မူ မခေါ်ချင်လို့လဲမရပါလေ။
~~a~~~k~~~y~~~i~~~~~P~~~~h~~y~~~u~
" လက်ထပ်ဖို့ကိစ္စက မဖြစ်နိုင်တော့ဘူးလရိပ် ..တို့တွေလမ်းခွဲကြရအောင် "
ချစ်သူဆီမှ မမျှော်လင့်ထားသောစကားကို ကြားလိုက်ရသောကြောင့် လရိပ်နွေးကြက်သေသေကာ ချစ်သူကိုငေးကြောင်ကြည့်နေမိသည်။
" ကိုယ်ပြောတာကို ကြားလားလရိပ် "
ဒုတိယအကြိမ်မြောက်စကားသံထပ်ထွက်လာသောအခါမှ လရိပ်နွေးသတိဝင်လာမိပြီး တုန်တုန်လှုပ်လှုပ်နှင့်ထိုင်နေရာမှထလိုက်မိလေသည်။
" ဒါ..ဒါက..ဘာသေဘောလဲမောင် ...လရိပ်တို့နှစ်ယောက်လက်ထပ်ကြဖို့ကို... လူကြီးတွေကိုလည်း... အသိပေးပြီးသွားပြီလေ ..ဘာ..ဘာဖြစ်လို့လဲဟင် ...ဘာအဆင်မပြေလို့်လဲ ..ပိုက်ဆံလား "
လရိပ်နွေးတုန်တုန်ယင်ယင်ထစ်ထစ်ငေါ့ငေါ့နှင့်ပြန်မေးလိုက်မိသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ