စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၉)
akyiphyu
***a***k**y***i**p**h**y*** u**
လန့်သွားသော လရိပ်နွေး၏ ပုံစံကိုကြည့်ပြီး နေသစ်ညီက အဘွားဖြစ်သူကို ကြည့်လိုက်သည်။" အဘွားလုပ်တာနဲ့ လရိပ်လန့်နေပြီ "
" အမယ်လေး ... ကျုပ်က ... မင်္ဂလာပွဲကျင်းပဖို့ကို တားမြစ်နေတဲ့သူတွေကို ပြောတာပါ..ခင်သစ္စာရေ ညည်းချွေးမနဲ့သားတော်မောင်ကိုရှင်းပြလိုက်ပါအုံး
ဒေါ်ရတနာထိုက်က ချွေးမဖြစ်သူကိုပြောလိုက်သည်။
" အဘွားပြောတာဟုတ်ပါတယ်သားရဲ့....သားနဲ့လက်ထပ်လိုက်ပြီဆိုတော့ ...အမေတို့ရဲ့သမီးဖြစ်သွားပြီးလေ ....အဲဒီတော့ ဟိုဘက်ကလူကြီးတွေကိုပြောပြီး ....မင်္ဂလာကိစ္စစီစဉ်ဖို့ကိုတော့ ...အမေတို့ကလုပ်ရမှာပဲ "
ဒေါ်ခင်သစ္စာက သားဖြစ်သူနှင့်ချွေးမအသစ်စက်စက်ကိုကြည့်ကာပြောလိုက်သည်။
အဘွားဒေါ်ရတနာထိုက်နှင့်ဒေါ်ခင်သစ္စာ၏ နွေးထွေးလှသောကြိုဆိုမှုများကြောင့် လရိပ်နွေးရင်ထဲ လှိုက်ဖို့ကာ ဝမ်းနည်းဝမ်းသာကြီးခံစားလိုက်ရလေသည်။ဤအခြေအနေသည် သူမတို့အတွက်အစစ်အမှန် မဟုတ်သည်ကို သိနေသော်လည်း ရင်တွေတထိတ်ထိတ်ခုန်ကာ စိတ်လှုပ်ရှားနေမိလေသည်။
" တင်းတောင် ...တင်းတောင် "
" မှာထားတာတွေရောက်လာပြီထင်တယ် ခင်သစ္စာရေ ...ငါ့မှာလဲ အားချင်းကြီးစီစဉ်ခိုင်းလိုက်ရတော့...လိုချင်တဲ့ ပုံစံတောင် သေချာမပြောလိုက်ရဘူး "
ခြံတံခါးဝမှ ဘဲလ်တီးသံနှင့်အတူ အဘွားဖြစ်သူ၏စကားကြောင့် နေသစ်ညီသည် ခြံရှေ့သို့ လှမ်းကြည့်လိုက်မိလေသည်။
" ဘာမှာထားတာလဲအဘွား ....ကျွန်တော်တို့အတွက်ဘာမှမလိုအပ်ပါဘူး "
နေသစ်ညီသည် ပြောရင်းမှ ခြံရှေ့သို့ထွက်ခဲ့လိုက်လေသည်။
ခြံရှေ့သို့ရောက်သောအခါမှာတော့ ခြံရှေ့တွင်ကားတစ်စီးရပ်ထားသည်ကိုတွေ့ရပြီ ပစ္စည်းအချို့ကို သယ်ချနေသည်ကိုတွေ့လိုက်ရလေသည်။နေသစ်ညီလည်း ယောင်ဝါးဝါးနှင့်ခြံတံခါးကိုဖွင့်ပေးလိုက်မိသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ