မာယာမိုးတိမ် 44

170 14 2
                                    

စာရေးသူ= ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၄)
akyiphyu
***a***k**y***i**p**h**y*** u**

"ဟာ ...အန်တီ..အန်တီ..သတိထားပါအုံး "

     ဝေးဖြိုးသည် စိုးရိမ်တကြီးခေါ်လိုက်ရင်းမှ စားပွဲပေါ်မှစာရွက်များကို အမြန်ပြန်ကောက်သိမ်းလိုက်ပြိးအပြင်တွင်ရှိနေသော အရောင်းစာရေးများကိုလှမ်းခေါ်လိုက်လေသည်။

~~~~ a~~~k~~~y~~i~~~~p~~~~h~~~y~~u~~~~~~~~~~

" ဘယ်လိုဖြစ်ရတာလဲအေ ...လန့်သွားတာပဲ  "

        ဒေါ်ငွေဇင်ထွန်းကချွေးမဖြစ်သူကိုမေးလိုက်သည်။

" လရိပ်ရဲ့မိဘတွေက ...ဖုန်းဆက်ပြီး ခြိမ်းခြောက်လို့တဲ့အစ်မကြီးရယ် ..."

       ဒေါ်ငွေစင်ထွန်း၏အမေးကို ဒေါ်သက်သက်မာကဝင်၍ရှင်းပြလိုက်သည်။

" ဘာပြောတယ် ... သင်းတို့ကဖုန်းဆက်ပြီး ခြိမ်းခြောက်တယ်ဟုတ်လား ... အိမ်မှာလဲ လာကြိမ်းမောင်းသွားသေးတယ်လေ ... တော်တော်လေး အောက်တန်းကျတဲ့ဟာတွေ ... သူတို့ကို ဒီတိုင်းထားလို့တော့မဖြစ်တော့ဘူး...မိုးမြင့်ထွန်းက မလာသေးဘူးလား.....ဒီကိစ္စတွေက မိုးမြင့်ထွန်းအေးတိအေးစက်လုပ်နေလို့ ..အခုလောက်အထိဖြစ်နေတာ....လရိပ်ကိုပေးသင့်သလောက်ပဲ ပေးပြီးတော့ မွေးစားသမီးအဖြစ်က ...စွန့်လွှတ်လိုက်ကြောင်း ကြေညာလိုက်တာအကောင်းဆုံးပဲ ....မဟုတ်ရင်  ပတ်ဝန်းကျင်အားလုံးသိသွားကြပြီး လုပ်ငန်းပါထိခိုက်မှာစိုးရတယ် "

           ဒေါ်ငွေစင်ထွန်းက မကျေမနပ်ပြောလိုက်ရင်းနှင့်သားဖြစ်သူပြန်အလာကိုလှမ်းမျှော်ကြည့်လိုက်သည်။ထိုစဉ်မှာပင် ဦးမိုးမြင့်ထွန်းတစ်ယောက်အခန်းထဲသို့ဝင်ရောက်လာခဲ့လေသည်။

'' ဘယ်လိုဖြစ်ရတာလဲ မနှင်းရည်  "

" ဘယ်လိုဖြစ်ရမှာလဲမိုးမြင့်ထွန်း ...ဟိုကောင်မလေးရဲ့မိဘတွေဆိုတဲ့လူတွေက..ဖုန်းဆက်ပြီး ခြိမ်းခြောက်လို့တဲ့လေ "

" ငါ့အိမ်ကိုလဲ ရောက်လာကြပြီး ကြိမ်းမောင်းသွားကြသေးတာ....တော်သေးတယ် မြေးလေးနှင်းစက်က ...သက်ဆိုင်ရာကိုဖုန်းဆက်ခေါ်မယ်ပြောလိုက်လို့ ပြန်ပြေးသွားကြတာလေ ....ဒီပုံစံအတိုင်းဆိုရင်...ရှေ့ဆက်ဘယ်လိုလုပ်ကြမလဲ မိုးမြင့်ထွန်းရေ..အဲဒီတော့လရိပ်ကို နည်းနည်းပါးပါးပေးပြီးတော့ ... မွေးစားသမီးအဖြစ်က  စွန့်လွှတ်ကြောင်းကြေညာလိုက်တော့ "

မာယာမိုးတိမ်Where stories live. Discover now