မာယာမိုးတိမ် 54

203 13 2
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၄)
akyiphyu
***a***k**y***i**p**h**y*** u** 

" နေ့လယ်စာစားချိန်တောင်ကျော်နေပြီ ...သားကြီးက ဘာလို့မလာသေးတာလဲ နှင်းရည် "

       ဒေါ်ငွေစင်ထွန်းက သားဖြစ်သူအလာကို တမျှော်မျှော်လုပ်နေရင်းမှ ချွေးမဖြစ်သူကိုလှမ်းပေးလိုက်သည်။

" ဟုတ်ကဲ့အမေ ....ကျွန်မထွက်လာပြီးတော့..သူလဲနောက်ကလိုက်လာမယ်လို့ပြောတာပဲ..ဘယ်ကိုများဝင်နေတာလဲမသိဘူး ..ဖုန်းဆက်တော့လဲ မကိုင်ဘူးလေ အမေ့သားက  "

      ဒေါ်နှင်းရည်သက်လည်း နာရီကိုကြည့်လိုက်ပြီးနောက် စိတ်မရှည်စွာနှင့်ပြောလိုက်မိသည်။

"ငါဆက်နေတာလဲကြာနေပြီ ..နင့်ယောက်ျားက ဖုန်းမကိုင်ဘူးလေ "

" အမေဆက်တာကိုလဲမကိုင်ဘူးလား..ကြည့်ရတာ ကျွန်မလာလို့. စိတ်ဆိုးပြီး ...သူမလာတာထင်တယ်အမေ .... အဲ့ဒါကြောင့် ...အတူတူမသွားနိုင်ဘူး ရှေ့ကသွားနှင့်လို့ ကျွန်မကိုပြောလိုက်တာထင်တယ်..."

       ချွေးမဖြစ်သူ၏စကားကြောင့် ဒေါ်ငွေစင်ထွန်းစိတ်ရှုပ်သွားရလေသည်။

" အိမ်ကိုဖုန်းဆက်ကြည့်လိုက်မယ်နော်အမေ "

        ဒေါ်နှင်းရည်သက်က ယောက္ခမကြီးနှင့်အဝေးသို့လျှောက်လာခဲ့ပြီးနောက် အိတ်ထဲမှဖုန်းကိုထုတ်ကာ ဆက်ကြည့်လိုက်သည်။

''   ဟယ်လို ...အမေလား ...အမေ့သမက် အိမ်မှာရှိလား "

" နှင်း...နှင်းရည် ... ညည်းဆီကို အခုပဲဖုန်းဆက်မလို့လုပ်နေတာ  ..အိမ်ကို ညည်းခဏပြန်လာခဲ့မှဖြစ်မယ်ထင်တယ် "

" ရှင်...ဘာဖြစ်လို့လဲအမေ...အမေ့သမက် ဘာဖြစ်လို့လဲ "

       တစ်ဖက်မှ မိခင်ဖြစ်သူ၏အထိတ်တလန့်ပြောသံကြောင့် ဒေါ်နှင်းရည်သက်အသံတိုးတိုးနှင့်ပြန်မေးလိုက်မိသည်။

'' အေး ....ညည်းယောက်ျားက ဆယ်နာရီကျော်လောက်က ထွက်သွားတယ်လေ ... ..အ..အခုက ..မြေး..မြေးလေးနှင်းစက်က သူ့အခန်းတံခါးကို လုံးဝဖွင့်မပေးဘူးလေ ... အထဲမှာ သီချင်းတွေအကျယ်ကြီးဖွင့်ထားပြီး ..လုံး၀ကို တံခါးမဖွင့်ပေးတာ... သော့ဖွင့်တာလဲမရဘူး ..အထဲကနေ တစ်ခုခုနဲ့ ခံထားပုံရတယ် .. အလုပ်သမားတွေရှိနေတော့ အမေလဲဇွတ်မခေါ်ရဲဘူး .. အ...အထဲမှာ မြေးလေးများ တစ်ခုခုဖြစ်နေလားမသိဘူး "

မာယာမိုးတိမ်Where stories live. Discover now