စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၈)
akyiphyu
***a***k**y***i**p**h**y***u***သူမ၏စကားများကိုယုံကြည်ပေးပြီး တကူးတကဖုန်းဆက်ဖော်ရသော နေသစ်ညီကြောင့် လရိပ်ရွေးစိတ်ထဲဝမ်းသာသလိုလိုတော့ဖြစ်သွားမိသည်။နေသစ်ညီက သူမကိုဖုန်းအရင်ဆက်သည်ဆိုတော့ သူမကို ယုံကြည်နေသည့်သဘောပဲမဟုတ်လား။ဤလောကကြီးတွင် သူမကိုယုံကြည်သောသူတစ်ယောက် ပေါ်ပေါက်လာခြင်းအတွက် လရိပ်နွေးရင်ထဲလှိုက်ခနဲတောင်ခုန်လှုပ်သွားမိသည်။သို့သော်လည်း ဤဒီဇိုင်းကိစ္စကို လရိပ်နွေးဘက်မှ မေ့ထားလိုက်ပြီဖြစ်သည်။
' ဟုတ်ကဲ့ပါ ကိုနေသစ်ညီ....ကျွန်မကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်ဆိုရင် ...တောင်းပန်ပါတယ်ရှင်....အဲ့ဒီဒီဇိုင်းကိစ္စထဲမှာကျွန်မ ဝင်မပါတော့ပါဘူး....အဲ့ဒီစာအုပ်ထဲကအတိုင်း ရှင်တို့ဘာသာ ရှင်တို့စိတ်ကူးနဲ့ထုတ်ချင်သလိုထုတ်ပါ...ကျွန်မစိတ်မဝင်စားတော့ဘူး.....ဒါပဲနော် ကိုနေသစ်ညီ....ကျွန်မမှာ အလုပ်လေးရှိသေးလို့ ဖုန်းချခွင့်ပြုပါရှင် "
" ဟာ .... ဟေ့.. ဟေ့....နေအုံးလေ....ဒီလိုမျိုးမင်းပြောချင်တာတွေပြောသွားပြီး ...ဖုန်းချသွားလို့မရဘူးလေ...ဒီဇိုင်းအတွက် ...ငါတို့သေချာစကားပြောဖို့လိုတယ်လေ "
နေသစ်ညီဘက်မှ စကားဆုံးအောင် မပြောလိုက်ရခင်မှာဘဲ လရိပ်နွေးဘက်မှ ဖုန်းချသွားခဲ့တာကြောင့် နေသစ်ညီစိတ်တိုသွားမိသည်။နေသစ်ညီအတွက်တော့ ဒီဇိုင်းနမူနာကို ငွေနှင်းစက်ဆီမှရခဲ့သည်ဆိုသော်လည်း သူ၏မသိစိတ်ထဲတွင် လရိပ်နွေး၏စကားများကိုယုံကြည်နေမိသည်လားမသိ။ဒီဇိုင်းနှင့်ပတ်သက်၍ လရိပ်နွေးပြောသောအကြောင်းအရာများက ပို၍အဆင်ပြေသည်ဟုလက်ခံယုံကြည်နေမိသည်။ထိုအတွက်ကြောင့်လည်း လရိပ် နွေးဘက်မှ ခိုင်မာသောသက်သေတစ်စုံတစ်ရာပြနိုင်သည်နှင့် လက်ခံလိုက်ဖို့ကိုနေသစ်ညီဘက်မှအဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ့ဘက်မှ ဒီလိုဆုံးဖြတ်ထားပြီးကာမှ
ယတိပြတ်ကြီး ဖြတ်ချသွားသောလရိပ်နွေးကြောင့် စိတ်ထဲအကြီးအကျယ်ဒေါသဖြစ်သွားမိသည်။သည်ကြားထဲ ငွေနှင်းစက်ကလည်း ဒီဇိုင်းအကြောင်းပြောလျှင် ထုံထုံအအဖြစ်နေတတ်သည်မို့ လရိပ်နွေးပြောသောအကြောင်းရာများကအမှန်ဖြစ်နိုင်သည်ဟု နေသစ်ညီကလက်ခံလာမိသည်။ဒီလိုအချိန်ရောက်မှ ကပ်ပြီးဖောက်သွားသော လရိပ်နွေးကိုနေသစ် ညီတွေးလေဒေါသဖြစ်လေဖြစ်လာမိသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ