စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၁)
akyiphyu
***a***k**y***i**p**h**y*** u**" အဲ့ဒါတွေက ဘာတွေလဲ "
" လရိပ်နွေးလုပ်ထားတဲ့ ပရိဘောဂဇိုင်းတွေလေ ...ဒီတစ်ခေါက် ရှင်တို့ရဲ့ပြိုင်ပွဲမှာ ... ရှင့်ညီက ဒီထဲကဒီဇိုင်းတွေနဲ့ပဲ သုံးလိမ့်မယ်...အရင်းဆုံးပြောရရင် ...ဟော့ဒီထဲက ဒီဇိုင်းတော်တော်များများကို ကျွန်မတို့က တစ်ဦးတည်းမူပိုင် ဒီဇိုင်းတွေအဖြစ် ရောင်းချထားပြီးသားပါ ... ကျန်တာဆိုလို့ တစ်ခုပဲကျန်မယ်...ကျွန်မတို့အထင်ကလဲ အဲ့ဒီကျန်တဲ့ ဒီဇိုင်းကိုပဲ သူတို့ကလဲ အသုံးပြုနိုင်တာမို့ ကိုနေထူး ထိုက်သုံးချင်လဲသုံးပါ....တခြားသူကိုမူပိုင်အဖြစ် ရောင်းချမယ်ဆိုလဲ ရောင်းပေးပါမယ် ... ပြီးတော့ ကုန်ချောကို ကျွန်မတို့ အလုပ်ရုံမှာပဲ လုပ်ရပါမယ် "
" မင်းက ငါ့ကိုကူညီတာလား....ငါနိုင်သွားရင်လဲ ...မင်းတို့နဲ့စာချုပ်ချုပ်ချင်မှချုပ်မှာနော် "
" သိပါတယ်....ကျွန်မကလဲ ...ရှင်တို့နဲ့အလုပ်တွဲလုပ်ချင်လို့မဟုတ်ဘူး...ရှင့်ညီနဲ့လရိပ်နွေးတို့ကို ကျရှုံးစေချင်လို့ပဲ ... ရှင်နိုင်သွားခဲ့ရင်တော့ ကျွန်မကို အကျိုးအမြတ်နည်းနည်းရှင်းပေးပေါ့ ... အဓိက ပြိုင်ပွဲမှာကိုနေထူးထိုက်က နိုင်ချင်တယ်...ကျွန်မကလဲ ကိုနေထူးထိုက်နဲ့ ပြိုင်မဲ့သူကို ရှုံးစေချင်တယ်လေ ...ပြီးတော့ နောက်ထပ် နိုင်ကွက်တစ်ခုရှိပါသေးတယ် ... အဲ့ဒါကတော့ လရိပ်နွေးက မွေးစားသမီးပါ ...သူတို့နိုင်သွားလဲ ...သူ့မှာ ငွေစင်ထွန်းကို အုပ်ချူပ်ပိုင်ခွင့်လဲ မရှိသလို အမွေဆက်ခံပိုင်ခွင့်လဲ မရှိပါဘူး "
" ဘာပြောလိုက်တယ်ကွ...လရိပ်နွေးက မွေးစားသမီးဟုတ်လား "ငွေနှင်းစက်၏ စကားကြောင့် နေထူးထိုက်က အံ့ဩဝမ်းသာသွားရလေသည်။
" မင်းပြောတာ တကယ်ဆိုရင်တော့ ...ဒီပွဲကအလိုလိုပြီးသွားမှာပါ ..ဒါနဲ့လရိပ်နွေးရဲ့မိဘအရင်းတွေကရော ဘယ်သူတွေလဲ ..ရှိကြသေးလား..မျိုးရိုးကောင်းတွေလား "
" ဘယ်ကမျိုးရိုးကောင်းရမှာလဲ ..ဆေးသမားလောင်းကစားသမားတွေပါ..မကြာခင်မှာ ...ကိုနေထူးထိုက်တို့အဘွားဆီမှာ လာတွေ့ပြီး ငွေတောင်းမလားမသိဘူး "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ