စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၅)
akyiphyu
***a***k**y***i**p**h**y*** u***" လရိပ်နွေး ...စကားခဏလောက်ပြောရအောင်ကွယ် "
လရိပ်နွေး အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲမှာအသင့်ထိုင်စောင့်နေပုံရသော ဒေါ်နှင်းရည်သက်နှင့် ညီမငယ်ငွေနှင်းစက်ကိုတွေ့လိုက်ရလေသည်။
" ဘာပြောမလို့လဲ အမေ..လရိပ်ပင်းပန်နေလို့် နားချင်လို့ပါ "
'" ဘာပင်ပန်းတာလဲ ..သူများလူကိုမြူဆွယ်ဖြားယောင်းနေရလို့ ပင်ပန်းနေတာလား "
ညီမငယ်ဖြစ်သူ၏ အသံကခပ်စွာစွာလေးထွက်လာလေသည်။လရိပ်နွေးစိတ်ထဲတင်းခနဲဖြစ်သွားရသည်။
" ဘယ်သူက သူများလူလဲ ..ကိုနေသစ်ညီလား..သူပြောတာတော့ ..သူနဲ့နှင်းစက်ကြားမှာမင်္ဂလာပွဲအတွက်... သဘောတူညီမှုမရှိသေးဘူးတဲ့နော်...ကြည့်ရတာ ...နှင်းစက်ဘက်ကအပိုင်တွက်ထားတာများလား ..အဲ့ဒီလိုတွက်ထားရင်တော့ မှားမယ်နော်နှင်းစက် ..ကိုနေသစ်ညီက ကိုဝေဖြိုးလိုမျိုး... နင်အပိုင်တွက်လို့ရတဲ့လူမဟုတ်ဘူးနော် ..သတိလေးလဲထားအုံး "
" ဘာ...ဘာပြောလိုက်တယ် "
လရိပ်နွေး၏ စကားအဆုံးမှာ ငွှေနှင်းစက်က ဒေါသတကြီးနှင့်နေရာမှထရပ်လိုက်သည်။ဒေါ်နှင်းရည်သက်က ငွေနှင်းစက်၏ လက်ကိုအမြန်ဖမ်းဆွဲလိုက်ပြီး လရိပ်နွေးကိုအံ့ဩသောအကြည့်များဖြင့်ကြည့်လိုက်သည်။
" လရိပ် သမီးကြီး ...စကားကိုဘယ်လိုပြောလိုက်တာလဲကွယ်..ညီမလေးကို ဘာမကျေနပ်တာရှိလို့လဲ ...ဒီဇိုင်းကိစ္စကြောင့်လား ...ဒါဆိုရင် အဲ့ဒီကိစ္စက ...သမီးညီမနဲ့မဆိုင်ပါဘူးကွယ်..သမီးအဖေနဲ့အဘွားက လုပ်ငန်းစာချုပ်ချုပ်နိုင်ဖို့ အတွက် ..အတင်းတိုက်တွန်းနေလို့်လုပ်နေရတာပါ ..ပြီးတော့ မောင်နေသစ်ညီနဲ့သမီးနှင်းစက်က အခုချိန်မှာ ..ဘာမှမဆိုင်ကြသေးပေမဲ့လဲ ..မကြာခင်မှာ လက်ထပ်ရမှာကျိန်းသေနေတာပဲလေ "
" လက်ထပ်ရမှာက သေချာလို့်လားအမေ..လရိပ်နဲ့ကိုဝေဖြိုးလဲ... နှစ်ယောက်လုံးကလဲ ချစ်ခဲ့ကြသလို..နှစ်ဖက်မိဘတွေလဲ သိနေကြပြီးမှ ....လမ်းခွဲခဲ့ကြရတာပဲလေ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ