စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃၆်)
akyiphyu
***a***k**y***i**p**h**y*** u**" မှန်သောစကားပါမခင်သစ္စာ....သူနေခဲ့တဲ့ကျောင်းနဲ့သူတက်ခဲ့တဲ့ဆေးရုံမှာသွားပြီးစုံစမ်းလို့ရပါတယ်..ကျန်မ ဒီအကြောင်းတွေကိုပြောပြတယ်ဆိုတာကလေ ...မခင်သစ္စာတို့ဘက်ကလဲ ...ပြဿနာတွေကိုလွန်ပြီးမှသိရင် ...နှစ်ဖက်မျက်နှာပျက်မှာစိုးလို့ပါ ....ပြီးတော့လေ .. သူအဘွားရုံးမှာအလုပ်လုပ်နေတဲ့အင်ဂျင်နီယာကောင်လေးနဲ့လက်ထပ်ဖို့အထိစီစဉ်ထားပြီးသားပါရှင် .....သူတို့အချင်းချင်းချစ်ကြိုက်နေကြတာ လေးငါးနှစ်လောက်ရှိနေပါပြီ....ဖြစ်ချင်တော့ သမီးငယ်နဲ့မောင်နေသစ်ညီရဲ့သတင်းကိုကြားပြီးတော့...အင်ဂျင်နီယာ ကောင်လေးနဲ့ချက်ချင်းလမ်းခွဲလိုက်တာပဲ...သူ့အဖေလဲပြောလို့မရဘူးလေ ...မောင်နေသစ်ညီနဲ့မတွဲခင်ကြားမှာ ....သူ့ကားကိုလိုက်မောင်းပေးတဲ့ကောင်လေးနဲ့လဲ တစ်တွဲတွဲလုပ်လိုက်သေးတယ် ..ကြည့်ရတာသမီးငယ်က ..သူ့အစ်မကိုအနေအထိုင်ဆင်ခြင်ဖို့ပြောလိုက်ပုံရတယ်...နှစ်ဖက်လူကြီးတွေသဘောတူပြီးမှ ... မင်္ဂလာပွဲပျက်ရင် အလုပ်ပါထိခိုက်မှာကို သမီးငယ်ကစိုးရိမ်နေပုံရတယ်လေ ...သူတို့ညီမပြဿနာဖြစ်တုန်းက ...အနားမှာသူတို့အဘွားရှိတယ်လေ ...သူတို့ပြောနေတာတွေကို .....သူတို့အဘွားက တစ်စွန်းတစ်စကြားလိုက်တာတဲ့ "
" ရှင် ...လရိပ်နွေးက အဲ့ဒီလိုမိန်းကလေးလားရှင်..လရိပ်နွေးရဲ့အကြောင်းတွေကိုကျွန်မသားကမသိဘူးထင်တယ် ..ဒုက္ခပါပဲရှင်....ဒါနဲ့သူ့အဘွားရုံးကအင်ဂျင်နီယာကောင်လေးဆိုတော့.....ကျွန်မသားလဲ အင်ဂျင်နီယာကောင်လေးကိုသိနေမယ်ထင်တယ် ....ကောင်လေးကဘာပြဿနာမှမရှာတာတော်သေးတာပေါ့ရှင် "
ဒေါ်ခင်သစ္စာမှာ ထိတ်ထိတ်လန့်လန့်နှင့်ပြောလိုက်လေသည်။
" သိမယ်ထင်ပါတယ်မခင်သစ္စာ...မောင်ဝေဖြိုးကသူတို့အဘွားရုံးမှာ ...အားကိုးရတဲ့လူတစ်ယောက်လေ....ပြဿနာမရှာဘူးဆိုတာကလဲ...သူတို့ အဘွားမျက်နှာကလည်းရှိသေးတယ်လေ ...သမီးငယ်ကလဲ တောင်းပန်ထားပုံရပါတယ် ...ခက်တာက ကားဒရိုင်ဘာကောင်လေးလေ..သူကကျွန်မတို့အိမ်ရှေကို မကြာခဏလာတတ်တယ်.. သူ့အဖေကနည်းနည်းပြောဆိုထားလို့သာ ...ကောင်လေးကမလှုပ်ရှားရဲတော့တာပဲ....ကျွန်မခုလိုပြောပြနေတာတွေက ..တကယ်လိုများမင်္ဂလာပွဲဖြစ်မြောက်သွားပြီးမှ ဒီလိုပြဿနာတွေပေါ်လာခဲ့ရင် ....အလုပ်မှာမထိခိုက်စေချင်လို့ပါရှင် ...ဘာဖြစ်လို့လဲဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းက သူတို့အဖေနဲ့သမီးငယ်ကပဲ ဦးဆောင်နေရတာလေ ....သမီးလရိပ်ကအရောင်းဆိုင်လောက်ပဲသိတာ ..ဆောက်လုပ်ရေးဘက်ကို လုံးဝသိတာမဟုတ်ဘူး ...စျေးကွက်ရှာတာတွေဘာတွေလဲ ... သမီးကြီးကစိတ်ဝင်စားတာမဟုတ်ဘူးလေ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ