စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၆)
akyiphyu
***a***k**y***i**p**h**y***u***လူတစ်ဦးပိုလာသော မိသားစုထမင်းဝိုင်းမှာ စကားသံများပိုထွက်လာခဲ့သည်။အထူးသဖြင့် ဘွားသက်၏စကားသံများက ထမင်းစားခန်းတစ်ခုလုံး ဝေဝေစည်စည်ရှိနေသည်။
" မောင်မိုးမြင့်ထွန်းအကြိုက်တွေပဲ...အမေချက်ခိုင်းထားတာလေ ...သမီးနှင်းရည်က အလုပ်များနေတော့ ...မိသားစုကြိုက်တတ်တာလေးတွေကိုလဲ ...ဘယ်စီမံပေးနိုင်တော့မလဲ ....မောင်မိုးမြင့်ထွန်းစားချင်တာရှိရင် အမေ့ကိုပြောနော်.....မြေးကြီးလရိပ်လဲ စားလေကွယ်...မြေးကြီးကြိုက်တဲ့ဟင်းတွေကိုလဲ ...အဘွားချက်ခိုင်းထားပါတယ်....လရိပ်ကိုကြည့်ရတာနည်းနည်းပိန်သွားသလိုပဲကွယ်...အစားကိုပုံမှန်စားပါ...ဘာစားချင်လဲအဘွားကိုပြောလေ...အဘွားချက်ကျွေးပါ့မယ်
ဘွားသက်၏ ချိုသာလှသော
စကားသံကြောင့် လရိပ်နွေးအားယူကာပြုံးပြလိုက်ရသည်။သူမကိုမြင်တာနှင့် အပြစ်များတန်းစီပြီးပြောတတ်သော ဘွား သက်တစ်ယောက် လရိပ်တို့၏ဖခင်ဖြစ်သူဦးမိုးမြင့်ထွန်းရှေ့သို့ရောက်လျှင် ဤကဲ့သို့ချိုသာသွားစမြဲဖြစ်သည်။အကြောင်းသိနေပြီဖြစ်သော လရိပ်နွေးအတွက်တော့ ဘွား သက်၏အပြုအမူများနှင့်ပတ်သက်ပြီးတော့ ခံစားချက်သိပ်မရှိ။လူရှေ့တွင်ပြုံးပြပြီးတော့ လူကွယ်လျှင် မဲ့ပြတတ်သော ဘွားသက်၏စရိုက်က မိထွေးဖြစ်သူဒေါ်နှင်းရည်သက်နှင့် လုံးလုံးမတူဟုလရိပ်နွေးထင်ခဲ့မိသည်။ယခုတော့သူမအထင်တွေပဲ မှားနေခဲ့တာလား ဆိုတာကိုမကွဲပြားချင်တော့ပေ။" ထမင်းစားပြီးရင်...အားလုံးကိုသမီးပြောစရာရှိတယ် "
ဖခင်ကြီးကို ဦးတည်လျက် လရိပ်နွေးပြောလိုက်သည်။
လရိပ်နွေး၏စကားကြောင့် မျက်ခုံးကိုပင့်ကာကြည့်လိုက်သည့် မိထွေးဖြစ်သူ၏အကြည့်ကို ရှောင်ရှားလိုက်ပြီးတော့ လရိပ်နွေးထမင်းကိုဆက်စားနေလိုက်သည်။
အေးစက်စက်ပုံစံဖြစ်နေသော အစ်မဖြစ်သူလရိပ်နွေး၏ အမူအရာကိုကြည့်ပြီး.ငွေနှင်းစက်က မိခင်ဖြစ်သူကိုကြည့်လိုက်သည်။ပြီးတော့ဖခင်ဖြစ်သူမမြင်အောင် ပခုံးလေးကိုမသိမသာတွန့်ပြလိုက်သည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ