စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၅၅)
akyiphyu
***a***k**y***i**p**h**y*** u**အမျိုးသမီးက ဒေါ်နှင်းရည်သက်၏ အမေးကိုမဖြေသေးဘဲ ဒေါ်နှင်းရည်သက်တို့ကိုသာ သေချာကြည့်နေပြီးနောက် ထိုင်နေရာမှ ထလာခဲ့လေသည်။
" အ..အရီးကို မြင်ဖူးနေသလိုပဲ ..အရီးက ( ...)ရွာက ဒေါ်စိန်တင်ရဲ့အမျိုးမဟုတ်လား...ကျုပ်က မအုန်းလှလေ...မှတ်မိရဲ့လား..သူ..သူက..အဲ့ဒီတုန်းက ဟို...ဟို ...ကလေးလာမွေးတဲ့ တစ်ယောက်မဟုတ်လား "
အမျိုးသမီး၏ စကားကြောင့် ဒေါ်သက်သက်မာမှာ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်လာပြီးနောက် အမျိုးသမီးကို မျက်လုံး ကျွတ်ကျမတတ်စိုက်ကြည့်လိုက်ရင်း တုန်တုန်လှုပ်လှုပ်နှင့် ပြန်မေးလိုက်လေသည်။
" ညည်း..ညည်းကအုန်းလှလား..ဒီ..ဒီကိုဘာကိစ္စရှိလို့လာတာလဲ ..ဘာလာလုပ်တာလဲ။ '
" ကျုပ်ကို မှတ်မိပြီလား....ကျုပ်ကို သူဌေးဦးမိုးမြင့်ထွန်းက ရှာနေတယ်ဆိုလို့လာတွ့တာပါအရီးရဲ့...ဒီအိမ်က ဦးမိုးမြင့်ထွန်းရဲ့အိမ်မဟုတ်ဘူးလား.....အရီးတို့က ဒီကိုဘယ်လိုရောက်နေကြတာလဲ "
" ဟဲ့..မိအုန်းလှ..ငါမေးတာကိုသာဖြေစမ်းပါ...ညည်းက မောင်မိုးမြင့်ထွန်းနဲ့ဘာကိစ္စရှိလို့လဲ "
" ဪ..ဒါလား..ဘာကိစ္စရမှာလဲအရီးရဲ့..ကလေးကိစ္စပေါ့...သူဌေးဦးမိုးမြင့်ထွန်းတို့မွေးစားဖို့ခေါ်သွားတဲ့ကလေးက ...မိဘအရင်းတွေပေါ်လာတယ်ဆိုပြီး ..ကျုပ်ကိုလာရှာကြတယ်ဆိုလို့လေ..သူတို့လာရှာတုန်းကကျုပ်ကခရီးသွားနေလို့လေ... ခရီးကပြန်ရောက်တာနဲ့ကျုပ်လဲ လာခဲ့လိုက်တာလေ..မိဘအရင်းတွေပေါ်လာတယ်ဆိုလို့.. ကျုပ်ကကြည့်ပေးမလို့လိုက်လာတာလေ.....အဲ့ဒိကလေးက အရီးတို့ရဲ့ကလေးလေ....မှတ်မိသေးရဲ့လား..အရီးသမီးမွေးခဲ့တဲ့ကလေးမလေးပေါ့....ဘာလဲ ...အရီးတို့သားအမိက..ကလေးကိုလာပြန်တောင်းနေကြတာလား "
" ဘာ..နင်ဘာပြောလိုက်တယ်အုန်းလှ..က..ကလေးကို မောင်မိုးမြင့်ထွန်းတို့ကမွေးစားခဲ့တာဟုတ်လား "
ဒေါ်သက်သက်မာက တုန်လှုပ်ချောက်ချားစွာမေးလိုက်လေသည်။ဒေါ်နှင်းရည်သက်သည် မိခင်ဖြစ်သူနှင့်အမျိုးသမိးကို ကြောင်ငေးကာကြည့်နေမိလေသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ