မာယာမိုးတိမ် ၁၂

189 5 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၂)
akyiphyu
***a***k**y***i**p**h**y***u***
        လာရိပ်နွေး အထိတ်တလန့်နှင့်မော့ကြည့်လိုက်စဉ်မှာတော့ ဒေါသမျက်လုံးများနှင့်သူမကို စိုက်ကြည့်နေသော ဖခင်ဖြစ်သူကိုတွေ့လိုက်ရလေသည်။

" အ ....အဖေ "

          လာရိပ်နွေးတုန်လှုပ်စွာနှင့်ခေါ်လိုက်မိသည်။

" အခုချိန်မှ...ဘယ်ကပြန်လာတာလဲ...ဒါကမိန်းကလေးတစ်ယောက် အိမ်ပြန်ရမဲ့အချိန်လား ....သမီးကိုအဖေဘယ်လောက်ထိယုံကြည်ပေးခဲ့လဲဆိုတာကို သမီးသိတယ်မဟုတ်လား....သမီးကမလိမ္မာဘူးပဲ "

" ရှင်...အဖေ..သမီးဘာလုပ်မိလို့လဲ "

        နားမလည်နိုင်စွာ လရိပ်နွေးပြန်မေးလိုက်မိသည်။

" သမီးဘာလုပ်မိလဲဆိုတာကို...သမီးပဲအသိဆုံးနေမှာပေါ့...အခုဘယ်ကပြန်လာတာလဲ..သမီးက အဖေ့ကိုစိတ်ဆင်းရဲအောင်လုပ်နေတာပဲ "

" မ...မဟုတ်ပါဘူးအဖေ...သမီးဘာမှမလုပ်ပါဘူး.....နေမကောင်းလို့ ဆေးခန်းပြနေလို့အချိန်ကြာသွားတာပါ "

" နေမကောင်းလို့ ဟုတ်လား "

        သမီးဖြစ်သူ၏  အဖြေစကားကြောင့် ဦးမိုးမြင့်ထွန်းက သမီးဖြစ်သူကိုတစ်ချက်ကြည့်လိုက်သည်။ပြီးနောက်ခေါင်းကိုတစ်ချက်ငြိမ့်လိုက်ပြီး

" ဟုတ်ပြီလေ...ဆေးခန်းသွားတယ်ဆိုရင်...ဘယ်မှာလဲဆေးခန်းစာအုပ်...အခုချက်ချင်းပြစမ်း "

" ရှင် ...စာအုပ်လား  "

          ဖခင်ဖြစ်သူ၏အမေးကြောင့် လရိပ်နွေးထူပူသွားမိလေသည်။ဆေးခန်းစာအုပ်က သူမကိုလိုက်ပို့သူ၏ကားပေါ်တွင်ပါသွားခဲ့ပြီဖြစ်သည်။ဤအဖြစ်ကို မည်သို့ရှင်းပြရပါမည်နည်း။

" ဟို ..ဟို...စာ..စာအုပ်က တက္ကစီကားပေါ်မှာ မေ့ကျန်ခဲ့လို့ပါ အဖေ "

" တော်စမ်းသမီး ....သမီးကိုအဖေယုံကြည်ပေးခဲ့တာတွေကအလကားပဲ....သမီးရှေ့ဆက်ပြီး...ဒီလိုလုပ်နေမယ်ဆိုရင်...အိမ်ထဲကအိမ်ပြင် မထွက်ဘဲနေရလိမ့်မယ်..."

         ဖခင်ဖြစ်သူ၏စကားကြောင့် လရိပ်နွေးတုန်လှုပ်ချောက်ချားသွားမိလေသည်။

မာယာမိုးတိမ်Where stories live. Discover now