မာယာမိုးတိမ် 49

182 12 2
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း( ၄၉)
akyiphyu
***a***k**y***i**p**h**y*** u**

" အထဲရောက်တော့သိရမှာပေါ့...အောက်ကိုဆင်းကြပါအုံး "

" မဆင်းဘူး....ဘာလို့ဆင်းရမှာလဲ ....မင်းတို့တွေ...ငါတို့လင်မယားကို လိမ်ခေါ်လာကြတာလား....ငါ့သမီးဘယ်မှာလဲ...ငါ့သမီးကိုအခုချက်ချင်းခေါ်ပေးစမ်း "

" ဟုတ်ကဲ့ ....ဆရာနဲ့ဆရာကတော်က နောက်ကလိုက်လာပါလိမ့်မယ်...ဦးလေးနဲ့အဒေါ်တို့က ... ဆေးရုံထဲကိုအရင်ဝင်ထားနှင့်ကြပါ "

" ဘာ ...ဒီ...ဒီနေရာက ဆေးရုံလား ....ဘာလုပ်ဖို့လဲ....ဘာလုပ်ဖို့ဆေးရုံကိုခေါ်လာရတာ လဲ....ဖယ်...ဖယ်စမ်း ....ငါတို့ကဆေးရုံကိုဘာကိစ္စသွားရမှာလဲ   ...ငါ့သမီးကိုပဲခေါ်ပေး ...ငါတို့ပြန်ကြတော့မယ် "

        အမျိုးသားကြီးနှင့်အမျိုးသမီးကြီးသည် ကိုသက်တို့ကို အတင်းတွန်းထိုးရုန်းကန်ကြပြီး ထွက်ပြေးဖို့ရန်ကြံစည်ကြလေသည်။

" ဒါကအထူးကုဆေးရုံပါ ....ဦးလေးတို့ကိုဘာအန္တရာယ်မှပေးမှာလဲမဟုတ်ဘူး ....ဆရာကတော်နဲ့ဆေးစစ်မှုလုပ်ဖို့ခေါ်လာတာပါ ....အေးအေးဆေးဆေးလိုက်ခဲ့ကြပါခင်ဗျာ....ဟောဒီကပုဂ္ဂိုလ်သုံးယောက်ကသက်ဆိုင်ရာက ဝန်ထမ်းတွေပါ ....အေးအေးဆေးဆေးမလိုက်ခဲ့ဘူးဆိုရင် လိမ်လည်မှုနဲ့ ဖမ်းခိုင်းရလိမ့်မယ်."

" ဘာ ....ဘာပြောတယ်ကွ "

        ကိုသက်၏စကားကြောင့် နှစ်ယောက်သား မျက်လုံးပြူးမျက်ဆန်ပြူးနှင့် အလန့်တကြားထအော်လိုက်ကြလေသည်။

~~~a~~~k~~y~~~i~~p~~~h~~~y~~u~~~"

" တောင်း ....တောင်းပန်ပါတယ်ခင်ဗျာ ....ကျွန်တော်တို့ကိုငွေပေးပြီးခိုင်းလို့လုပ်ရတာပါ "

       လင်မယားနှစ်ယောက်သည် နေသစ်ညီတို့ရှေ့တွင် ကြမ်းပြင်ပေါ်ထိုင်ချလိုက်ကြကာ လက်အုပ်ချီလျက်တောင်းပန်ကြလေသည်။

" ဟုတ်ပြီလေ ...ခင်ဗျားတို့ကိုဘယ်သူတွေခိုင်းတာလဲ  ...ခိုင်းတဲ့သူကိုပြော...ဘယ်လောက်အထိလုပ်ခိုင်းထားတာလဲဆိုတာကိုပြော "

         တာဝန်ရှိသူက လင်မယားနှစ်ယောက်ကိုမေးလိုက်သည်။

" ဟုတ် ..ဟုတ်ကဲ့ ....ခိုင်းတဲ့သူကဖုန်းကနေဆက်သွယ်တာပါ -...ငွေကိုလဲ လူတစ်ယောက်ကလာပေးပေမဲ့ ...မျက်နှာကိုသေချာမမြင်ဖူးပါဘူး .....ငွေပေးမယ့်နေရာကိုချိန်းပြီးတော့.. တောင်းစားတဲ့ကလေးတစ်ယောက်ကို တဆင့်ပေးခိုင်းတာပါ ....အဲ့ဒီကလေးတွေကို လူပုံစံမေးကြည့်တော့လဲ ...ယောက်ျားတစ်ယောက်လို့ပဲပြောပါတယ်...ကျန်တာဘာမှမသိပါဘူး ...တကယ်ပြောတာပါခင်ဗျာ "

မာယာမိုးတိမ်Where stories live. Discover now