မာယာမိုးတိမ် 22

166 10 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၂)
akyiphyu
***a***k**y***i**p**h**y*** u***

      ဘေးလွယ်အိတ်ထဲသို့ဒီဇိုင်းနှင့်ပတ်သက်သော မူကြမ်းစာရွက်များကို လရိပ်နွေးအကုန်ထည့်လိုက်သည်။ကြာကြာဆက်ထားလျှင် ဖခင်ကြီး၏ စကားကိုပါ နားမထောင်နိုင်တော့ဘဲ  လရိပ်နွေးတစ်ကိုယ်ကောင်းဆန်မိသွားမှာကို ကြောက်နေမိသည်။လူ့စိတ်ဆိုသည်မှာလည်း ကြောက်စရာကောင်းလွန်းသည်လေ။

   လရိပ်နွေးဘေးအိတ်ကိုလွယ်ပြီး အပြင်သို့ထွက်လာခဲ့လိုက်သည်။အပြင်သို့ ထွက်လာစဉ်မှာ ကျော်ဇင်ဦးတစ်ယောက် ဝယ်သူကို ပစ္စည်းများပြနေသောကြောင့် အလုပ်များနေသည်ကိုတွေ့လိုက်ရလေသည်။လရိပ်နွေးလည်း ဒီအချိန်ကို အခွင့်ကောင်းယူပြီး ဆိုင်ထဲမှ အပြေးတစ်ပိုင်းနှင့်ထွက်လာခဲ့လိုက်သည်။

    လရ်ပ်နွေးထွက်လာခဲ့တာက ညီမငယ်ရှိနေသောရုံးသို့မဟုတ်။ဒေါ်နှင်းရည်သက်၏ အရောင်းဆိုင်သို့သာဖြစ်သည်။ညီမငယ်နှင့် မျက်နှာချင်းဆိုင် စကားပြောဖို့ကိုတော့ လရိပ်နွေးစိတ်ထဲမှာ အဆင်မပြေဖြစ်နေမိသေးသည်။ပြီးတော့ ဝေဖြိုးနှင့်လဲမဆုံချင်။ထို့်ကြောင့် မိခင်ဖြစ်သူ၏ အရောင်းဆိုင်သို့သာထွက်လာခဲ့လိုက်သည်။

~~~a~~~k~~~y~~~j~~~~p~~~h~~~y~~u~~~~

" မနေ့တုန်းက ကိုနေသစ်ညီနဲ့တွေ့ကြတယ်တဲ့...သူတို့ ဘာကိစ္စတွေ့ကြတာလဲ.မသိဘူး ..ဒီဇိုင်းကိစ္စကိုပြောတာပဲထင်တယ်...အဖေကလဲ ဘာမှဝင်မပြောတော့ဘူးလား အမေရဲ့ "

       ငွေနှင်းစက်က မိခင်ကို မကျေမနပ်နှင့်ပြောလိုက်သည်။

" စိတ်မပူပါနဲ့သမီးရယ်..အချိန်တွေကျန်ပါသေးတယ်.သမီးကို ...မူကြမ်းတွေ ပေးပါလိမ့်မယ် "

" အမေက အဲ့ဒီလိုပဲပြောနေတာ...သူက ကိုနေသစ်ညီနဲ့ မကြာခဏတွေ့နေတာအမေရဲ့ ...အဘွားကလဲပြောတော့ သူ့အခန်းထဲမှာဝင်ရှာပေးမယ်ဆိုပြိး မရှာနိုင်ဘူးလားမသိဘူး...ဘာမှကို အားမကိုးရဘူး ..ပြေတော့လေကြီးမိုးကြီးနဲ့ "

" သမီးရယ်..ဘယ်လိုပြောလိုက်တာလဲ ...အဘွားလဲရှာနေပါတယ် ...သမီးက ဘာတွေစိုးရိမ်နေတာလဲ ...ဘယ်လိုပဲဖြစ်ဖြစ် နေသစ်ညီက သမီးကိုပဲရွေးမှာပါ..သူ့လိုပရိဘောဂဆိုင်က အရောင်းသမားကိုရွေးမလား ..အလှအပချင်းယှဉ်ရင်လဲ  ...အမေ့သမီးနဲ့တခြားစီပါ "

မာယာမိုးတိမ်Where stories live. Discover now