စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၀)
akyiphyu
***a***k**y***i**p**h**y***u***ဒေါ်ရတနာထိုက်သည်သူမ၏ရင်ဘတ်ကို လက်နှင့်အသာဖိရင်းမှ အစည်းအဝေးခန်းတစ်ခုလုံးသို့ ကြည့်လိုက်သည်။သူမ၏အကြည်များသည် မြေးကြီးဖြစ်သူနေထူးထိုက်ထံသို့ အရောက်တွင် စူးရဲတောက်ပသောမျက်ဝန်းများအဖြစ်အသွင်ပြောင်းသွားရလေသည်။
နေထူးထိုက်မှာ ဘွားအေဖြစ်သူ၏အကြည့်ဒဏ်ကိုမခံနိုင်သောကြောင့် ခေါင်းကိုမသိမသာငုံ့ထားလိုက်လေသည်။
" ကျွန်မကပဲ အားလုံးကိုတောင်းပန်ပါတယ်....ပြောရမယ်ဆိုရင် ... မြေးတွေကိုစည်းစည်းလုံးလုံးဖြစ်အောင် ... မဆုံးမနိုင်ခဲ့တဲ့ ဟောဒီဘွားအေကြီးရဲ့အပြစ်ပဲပေါ့...ထောက်ပြသွားတဲ့စကားကို ရှင်းပြရမယ်ဆိုရင်တော့...ကျွန်မရဲ့မြေးတွေကအသက်ကွာကြပါတယ်...ဒီတော့သူတို့ကြားမှာခြားနားမှုတွေလည်းအရမ်းများပါတယ်...ဒီလောကကြီးမှာ ညီကိုတွေတည့်တယ်ဆိုတာမျိုးက ရှားလှပါတယ် ....ညီအစ်ကိုတွေဆိုတာ ....စကားပြောနေရင်းဖြစ်စေ....သူတို့ချစ်ခင်ခင်ရှိနေချိန်မှာတောင် ...မထင်မှတ်ဘဲရန်ဖြစ်တတ်တဲ့သူတွေပါ...သူတို့တွေ ဘာလို့ရန်ဖြစ်ကြလဲဆိုတော့...ညီအစ်ကိုတွေဖြစ်နေလို့ ဖြစ်ကြတာပါ ...တစ်ယောက်နဲ့တစ်ယောက်မခံချင်အောင်စမယ်ပြောမယ်...ရန်ဖြစ်မယ်...ပြီးရင်ပြန်ခေါ်ကြမယ်....လူတွေဆိုတာ ကိုယ်နဲ့မသိတဲ့သူ...မရင်းနှီးတဲ့သူ...သူစိမ်းတွေနဲ့ တော်ရုံရန်ဖြစ်လေ့မရှိပါဘူး....ရင်းနှီးလှတဲ့ သွေးသားရင်းတွေ...ညီကိုရင်းသွေးသားရင်းတွေကတော့ ....စကားနိုင်လုရင်းကလဲ..မကြခဏဆိုသလို ရန်ဖြစ်စကားများတတ်ကြပါတယ်...ဒါကိုချဲ့ကားပြောချင်တဲ့သူတွေကတော့ အများကြီးရှိတာပေါ့.....ပြောရမယ်ဆိုရင်...မောင်နေသစ်ညီနဲ့ပတ်သက်ပြီး ကြားထားကြသတင်းစကားတွေက...နည်းနည်းကိုများများလုပ်ပြီးချဲ့ကားပြောထားတဲ့စကားတွေပါ....ကျွန်မပြောချင်တာက...ကျွန်မတို့တည်ဆောက်မယ့်အိမ်ရာစီမံကိန်းကလူနေလို့အဆင်ပြေရုံ အိမ်ခန်းမျိုးကိုကျွန်မတို့ဆောက်မှာမဟုတ်ပါဘူး....ခေတ်မှီအဆင့်မီပြီး....ကျွန်မတို့နိုင်ငံရဲ့ရာသီဥတုနဲ့ကိုက်ညီတဲ့ အိမ်ရာအနေအထားမျိုးကိုပဲ ဖန်တီးချင်တာပါ...ကျွန်မဆီမှာမြေကြီးမို့...မြေးအငယ်မို့ ဦးစားပေးတဲ့စနစ်မရှိဘူး...အဲဒီလိုပဲ... ရှယ်ယာရှင်တွေအားလုံးကလဲ ...ကျွန်မနဲ့စိတ်ခံစားချက်တူလိမ့်မယ်လို့ ကျွန်မထင်တယ်...ကျွန်မလည်းအသက်ကြီးလာပါပြီ...ကျန်တာတွေကို ဒုဉက္ကဋ္ဌဦးနေထိုက်ကဆက်ပြီးတာဝန်ယူပါလိမ့်မယ် ..."
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ