မာယာမိုးတိမ် 21

193 15 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၁)
akyiphyu
***a***k**y***i**p**h**y*** u***

       လရိပ်နွေးခပ်မြန်မြန်ရုန်းထွက်လိုက်သည်ကို ကျော်ဇင်ဦးကသတိထားမိပုံမရဘဲ စိုးရိမ်တကြီးနှင့်မေးလာလေသည်။

" မမလေး နေကောင်းရဲ့လား ..ကော်ဖီသောက်လို့်ဖြစ်ပါ့မလား  "

" ရပါတယ် ....အိပ်ရေးပျက်ပြီး ခေါင်းထဲနောက်နေတာပါ ...ကော်ဖီသောက်လိုက်ရင် လန်းသွားလိမ့်မယ် "

   ကျော်ဇင်ဦးကို ပြန်ဖြေလိုက်ရင်း သူမလက်ကိုဆုပ်ကိုင်ထားဆဲဖြစ်သော ကျော်ဇင်ဦး၏လက်ကို တွန်းထုတ်ပစ်လိုက်မိသည်။

" ဟာ ....တောင်း..တောင်းပန်ပါတယ် မမလေး..ကျွန်တော်က မမလေး လဲသွားမှာစိုးလို့် ကိုင်ထားလိုက်မိတာပါ "

    ကျော်ဇင်ဦးက ပျာပျာသလဲတောင်းပန်လေသည်။

" ရပါတယ်...စေတနာနဲ့ထိန်းပေးတာကို အစ်မသိပါတယ်... "

     ကျော်ဇင်ဦးကို အလိုက်သင့်ပြန်ပြောလိုက်ရင်း ကော်ဖီဆိုင်လေးထဲသို့ လရိပ်နွေးဝင်ခဲ့လိုက်သည်။ ကော်ဖီဆိုင်လေးက ကျော်ဇင်ဦးပြောသလိုပင် အေးအေးချမ်းချမ်းနှင့်စိတ်ကူးယဉ်ချင်စရာပုံစံမျိုးလေးဖြစ် သည်။ဆိုင်ထဲသို့ရောက်သောအခါ စုံတွဲတော်တော်များများရှိနေတာမို့ လူရှင်းသော ထောင့်တစ်နေရာမှာဝင်ထိုင်လိုက်သည်။

" မင်းလဲ ထိုင်လေ "

      သူမကိုခုံနေရာအထိလိုက်ပို့ပေးပြီး အပြင်သို့ပြန်ထွက်ရန်ပြင်နေသော ကျော်ဇင်ဦးကို ခေါ်လိုက်သည်။

" ရပါတယ် မမလေး..မမလေးအေးဆေးဆေးဆေးတွေးချင်ရာတွေးလို့ရအောင် ...တစ်ယောက်တည်းထိုင်ပါ ..ကျွန်တော်က ဟိုဘက်ကခုံမှာပဲ ထိုင်နေလိုက်မယ် "

" ကျေးဇူးပါနော် "

       ကျော်ဇင်ဦး၏ အလိုက်သိမူကို လရိပ်နွေးကျေဇူးတင်စကားပြောလိုက်မိသည်။ဘာပဲဖြစ်ဖြစ် ခုရက်ပိုင်းထဲမှာ လရိပ်နွေးစိတ်ညစ်နေလျှင် ကျော်ဇင်ဦးက စိတ်အပန်းပြေစရာနေရာများနှင့် အစားအသောက်ကောင်းသောနေရာများကို ရှာဖွေပြီး လိုက်ပို့ပေးတတ်တာကြောင့် ကျော်ဇင်ဦးကို စိတ်ထဲမှ ကျေးဇူးတင်လိုက်မိသည်။

မာယာမိုးတိမ်Where stories live. Discover now