မာယာမိုးတိမ် 15

180 9 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၅)
akyiphyu
***a***k**y***i**p**h**y***u***
~~~~a ~~~k ~~~ y~~i~~ P~~h~~y~~u~~~

          သူ့ခြံရှေ့မှာရပ်ထားသောကားကိုကြည့်ပြီး နေသစ်ညီစိတ်ရှုပ်သွားမိသည်။သူ့အစ်ကိုနှင့်အစ်မက သူ့ကိုတစ်ယောက်တလှည့်ဒုက္ခပေးကြမည်ဟုများ တိုင်ပင်ထားကြသည်လားမသိ။မလာစဖူး သူ့အိမ်ကိုတစ်ယောက်ပြီးတစ်ယောက် လာနေကြတာက စိတ်ရှုပ်ဖို့ကောင်းလှသည်။

" ကျွန်တော်ဆီလာတာလား  "

          ကားပြတင်းပေါက်ဘေးနားမှာ သွားရပ်ပြီးနေသစ်ညီမေးလိုက်သည်။
      
"အင်း ..ဟုတ်တယ် .....မင်းမှာ အသိစိတ်ရှိသေးရင်..ထိုက်မိသားစုရဲ့ လုပ်ငန်းအကြီးအကဲဖြစ်ဖို့မထိုတ်တန်ဘူးဆိုတာ ..မင်းအသိဆုံးပဲမဟုတ်လားနေသစ်ညီ...မင်းတို့အမေကြောင့်  တို့မိသားစုပြိုကွဲခဲ့ရတယ်...ပြီးတော့ မင်းလုပ်လို့ ငါ့ဘဝလဲဒုက္ခိတဘဝကိုရောက်ခဲ့ရတယ်...ဒါကိုမင်းက မကျေနပ်သေးဘဲ ...ငါ့အစ်ကို့ရဲ့နေရာကိုပါလိုချင်သေးတာလား ..မင်းအတွက် ထိုက်သင့်သလောက်ပေးခဲ့ပြီးပြီ...မင်းအမေအတွက်လဲ ရွှေဆိုင်တစ်ဆိုင်ပေးထားတယ်လေ..ဒါကိုမင်းကမကျေနပ်သေးဘူးဆိုတော့ ..မင်းကလူမှဟုတ်ရဲ့လား နေသစ်ညီ"

     အစ်မဖြစ်သူ၏ ခပ်ကြမ်းကြမ်းစကားလုံးများကြောင့် နေသစ်ညီသက်ပြင်ချလိုက်မိသည်။

" မမမှားနေပြီနော်...အစ်ကို့နေရာကို ကျွန်တော်ကလုယူနေတာမဟုတ်ဘူး...အဲ့ဒီနေရာအတွက်...အစ်ကိုရောကျွန်တော်ရောယှဉ်ပြိုင်ရမှာနော်....မမစိတ်ထဲမှာ အစ်ကို့ကို အနိုင်ရစေချင်ရင်...မမတတ်နိုင်တဲ့ဘက်ကနေ  အစ်ကို့ကိုကူညီပေးလိုက်ပါ.....ကျွန်တော်စိတ်မဆိုးပါဘူး....ကျွန်တော်ကတော့ ဒီပြိုင်ပွဲကနေ နှုတ်ထွက်မှာမဟုတ်ပါဘူး...အဘွားဖြစ်စေချင်တဲ့အတိုင်း ... မျှမျှတတတဖြစ်အောင် ကျွန်တော်ဝင်ပြိုင်မှာပါ ...ပြီးတော့ မမတို့တွေ ...ကျွန်တော့်အမေကို မတရားပြောနေတာတွေတော်ကြပါတော့ဗျာ...အသက်တွေလဲ မငယ်ကြတော့ပါဘူး....မမတို့အပေါ်မှာ ကျွန်တော့်အမေဘယ်လောက်တောင်ကောင်းပေးခဲ့လဲဆိုတာ...မမတို့အသိဆုံးပါပဲ ...မမတို့စိတ်ထဲမှာ ...ကျွန်တော့်အမေကြောင့်...မမတို့အမေနဲ့အဖေကွာရှင်းခဲ့ကြတယ်လို့ ထင်နေကြတာမဟုတ်လား...ဘာကြောင့်သူတို့ကွာရှင်းခဲ့ကြလဲဆိုတာကို ကျွန်တော်ရအောင်စုံစမ်းပေးမယ်....အဖြစ်မှန်တွေသိလာတဲ့နေ့မှာ ...ကျွန်တော့်အမေဘက်ကမှားနေခဲ့တာဆိုရင်...အားလုံးကိုစွန့်လွတ်ပြီး...ကျွန်တော်တို့သားအမိ...ထိုက်မိသားစုကနေထွက်သွားပေးမယ်...တကယ်လို့များ ...အဲဒီကိစ္စတွေက ကျွန်တော့်အမေနဲ့ ဘာမှမဆိုင်ဘူးဆိုရင်....အမေ့ကို  မမတို့မောင်နှမတောင်းပန်ပေးရမယ် ...နောက်တော့ရှိသေးတယ် .....မမရဲ့ခြေထောက်ကိစ္စ ... အဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့လဲဆိုတာကို  ကျွန်တော်လုံးဝမမှတ်မိခဲ့ဘူး ....ကျွန်တော်မမှတ်မိခဲ့တဲ့ကိစ္စကို...ကျွန်တော်လုပ်ခဲ့မိတယ်လို့ ခံယူခဲ့မိလို့....အိမ်ပေါ်ကနေကျွန်တော်ဆင်းပေးခဲ့တယ်...ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့..မမတို့ကနှစ်ယောက် ...ကျွန်တော်ကတစ်ယောက်တည်းလေ....နှစ်ယောက်ကိုတစ်ယောက်သမားကဒုက္ခပေးတယ်ဆိုတာ ...မဖြစ်နိုင်တဲ့ကိစ္စလို့ထင်လာခဲ့မိတယ်...ဒါကြောင့်မို့ အဲ့ဒီနေ့က အဖြစ်အပျက်တွေကို ...သိနေတဲ့ နောက်ထပ်လူတစ်ယောက်ကိုကျွန်တော်ရှာနေတယ်....သူကဘယ်သူလဲဆိုတာ ...မမတို့ကပိုသိမှာပေါ့...မမတို့အပြောကတော့ ...အိမ်မှာကျွန်တော်တို့သုံးယောက်တည်းရှိတယ်လို့ပြောတာမဟုတ်လား...မဟုတ်ဘူးဗျ...နောက်တစ်ယောက်ရှိသေးတာကျိန်းသေတယ်...ဘာလို့လဲဆိုတော့... ကျွန်တော်သိပ်ပြီးမမူးခင်မှာ....သူ့စကားပြောတဲ့ အသံကိုကျွန်တော်ကြားလိုက်တယ်လေ ...."

မာယာမိုးတိမ်Where stories live. Discover now