စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂၄)
akyiphyu
***a***k**y***i**p**h**y*** u***သူမပြောပြီးသည်အထိ တုတ်တုတ်မျှမလှုပ်ဘဲ သူမကို ခပ်စူးစူးစိုက်ကြည့်နေသော နေသစ်ညီကို လရိပ်နွေးပြန်မော့ကြည့်လိုက်ပြီး သတ္တိမွေးကာ ထပ်ပြောလိုက်သည်။
" ကျွန်မပြောတာကို မရှင်းလို့လားဟင် ...ဒီလိုပါ ...ကျွန်မပြောတာက ..ရှင့်အနေနဲ့ လုပ်ငန်းကြောင့် လက်ထပ်ပွဲကို မလုပ်ချင်ဘဲ လုပ်ရမှာမဟုတ်လား...အဲ့ဒီတော့ သတို့သမီးက ဘယ်သူပဲဖြစ်ဖြစ် ...ရှင့်အတွက် အရေးမပါဘူးမဟုတ်လား ...တကယ်လို့ ...ကျွန်..ကျွန်မနဲ့ လက်ထပ်မယ်ဆိုရင် ...ကျွန်မက အမည်ခံသက်သက်ပဲနေမှာပါ ...ရှင်ဘဝကို ဝင်မစွက်ဖက်ဘူး..ရှင်ဘာပဲလုပ်လုပ် ဘာမှမပြောဘူး ..ကုန်ကုန်ပြောမယ် ...ရှင့်အနေနဲ့ချစ်သူပဲထားထား မတားမြစ်ပါဘူး...ပြီးတော့ ...ရှင်တို့ရဲ့အိမ်ရာဆောက်လုပ်ရေး အောင်မြင်သွားပြီဆိုရင် ...ရှင်နဲ့ ကျွန်မ ပြန်ပြီးကွာရှင်းကြမယ်လေ ..."
တကယ်ကြီးပြောနေသော လရိပ်နွေးကိုကြည့်ပြီး နေသစ်ညီတော်တော်နှင့်စကားမပြောနိုင်ဘဲဖြစ်နေမိသည်။" ဟို...ဟုတ်ပြီလေ .. ကျွန်တော့်အတွက်ကလဲ ....လုပ်ငန်းသဘောအရလက်ထပ်ရမှာဖြစ်လို့..သတို့သမီးကဘယ်သူပဲဖြစ်ဖြစ် စိတ်မဝင်စားတာတော့အမှန်ပဲ ..တစ်ခုတော့ရှိတယ်....ကျွန်တော်ပြောရင်စိတ်မဆိုးနဲ့နော်...လောလောဆယ်ငွေစင်ထွန်းဆောက်လုပ်ရေးမှာအလုပ်လုပ်နေတာကငွေနှင်းစက်လေ ...လုပ်ငန်းသဘောအရရွေးရမယ်ဆိုရင်တော့ ....ငွေနှင့်စက်ကိုရွေးမိမှာပဲ....ဒါပေမဲ့လရိပ်က ကျွန်တော့်ကိုတောင်းဆိုလာတယ်ဆိုတော့...ကျွန်တော်စဉ်းစားကြည့်မယ်.....တကယ်လို့ လရိပ်ပြောတာကိုလက်ခံလိုက်တယ်ဆိုရင်....ကျွန်တော့်အတွက်အကျိုးအမြတ်က ဘာရမှာလဲ ....ငွေစင်ထွန်းနဲ့အလုပ်လုပ်နိုင်ဖို့အတွက် စာချုပ်ချုပ်နိုင်မှာက ရောသေချာလား ....မသေချာဘဲနဲ့လုပ်ရင် ...ကျွန်တော့်အတွက် အကျိုးမရှိတဲ့မင်္ဂလာပွဲကြီးပဲဖြစ်သွားမှာလေ "
နေသစ်ညီ၏မေးခွန်းကြောင့် လရိပ်နွေးတွေခနဲဖြစ်သွားမိသည်။
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ