စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၈)
akyiphyu
***a***k**y***i**p**h**y***u***." မင်း ..မင်းဘာပြောလိုက်တယ်ကွ "
" ရှူး ..တိုးတိုးပြောပါကိုထွန်းရယ်...တော်ကြာသမီးကြီးကြားသွားလို့ ရှက်ပြီးဝမ်းနည်းသွားလိမ့်မယ်......ဒါမှမဟုတ် သမီးငယ်ကြားသွားရင်လဲ ..သူ့အစ်မကို မရိုမသေနဲ့ဆက်ဆံတာမျိုးတွေဖြစ်နေပါအုံးမယ်.....သမီးငယ်က ...ကိုထွန်းနဲ့တူလို့်တည်တည်တံ့တံ့နေတတ်တာသိတယ်မဟုတ်လား ...သမီးကြီးလရိပ်က မိသားစုကိုချစ်တတ်အနွံတာခံတတ်ပေမဲ့....အပေါင်းအသင်းမင်တတ်တယ်...ပြီးတော့ယောက်ျားလေးတွေနဲ့ပတ်သက်ရင် နည်းနည်းပြဿနာရှိနေတယ်ကိုထွန်းရယ်....ဒါကြောင့်လဲ သမီးကြီးကိုတိုးတိုးတိတ်တိတ်ဆုံးမနေရတာပါ ...ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ...ကိုထွန်းက မသိချင်ယောင်ဆောင်နေပါနော်....ဒါကဖအေတစ်ယောက်ဝင်ပါရမဲ့ကိစ္စမဟုတ်ဘူး....အမေတွေရဲ့တာဝန်လေ ...."
ဇနီးဖြစ်သူပြောနေသော စကားများကို ဦးမိုးမြင့်ထွန်း မယုံကြည်နိုင်စွာနှင့် နားထောင်နေမိသည်။သမီးကြီးလရိပ်နွေးသည် မျက်နှာချိုပြီး လူတကာကိုဖော်ဖော်ရွေရွေပေါင်းသင်းတတ်သည်မှန်းတော့ ဦးမိုးမြင့်ထွန်းသိပါလေသည်။သို့သော်လည်း ဤမျှလောက်အထိတော့ မတွေးထားမထင်ထားခဲ့သည်မှာအမှန်ပင်။
" သမီးကြီးက နှင်းအတွက်တော့...သမီးငယ်နှင်းစက်နဲ့အတူတူပါပဲ ကိုထွန်းရယ် ..မိတဆိုးလေးမို့ သနားလွန်းလို့ ...သမီးငယ်ထက်တောင် ပိုပြီးဂရုစိုက်ခဲ့တာ ကိုထွန်းလည်းသိပါတယ်..ဒါပေမဲ့လေ သမီးငယ်လေးကအကျင့်စရီုက်ရောအမူအရာပါ ...ကိုထွန်းနဲ့တူသလောက် ...သမီးကြီးကလေ...လုံးဝကိုဆန့်ကျင်ဘက်ဖြစ်နေတာကိုထွန်းရဲ့ ... ယောက္ခမကြီးပြောတာကတော့ ....သွားလေသူရဲ့အကျင့်စရိုက်နဲ့လဲ မတူဘူးတဲ့လေ "
" နှင်းရည်...တော်..တော်တော့ကွာ ..ဒီဖအေဒီအမေကမွေးထားတာ... ဒီဖအေဒီအမေနဲ့မတူလို့် ..ဘယ်သူနဲ့တူရမှာလဲ ...မဟုတ်တာတွေမပြောနဲ့တော့ ..သမီးကြီးကိုသာ သေချာဂရုစိုက်ပေးပါ..မသင့်တော်သူတွေနဲ့ပတ်သက်နေတာမျိုးဆိုရင်လဲ တားပါ..တားလို့်မရရင် ကိုယ့်ကိုပြောပြပါ "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ