မာယာမိုးတိမ် 13

204 5 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁၃)
akyiphyu
***a***k**y***i**p**h**y***u***

       ဒေါ်ခင်သစ္စာကလည်း ခင်ပွန်းဖြစ်သူကိုသေချာပြန်၍စိုက်ကြည့်လိုက်သည်။

" ဘာပြောမလို့လဲ ...ထူးထူးဆန်းဆန်းကွာ "

" ကျွန်မဘာပြောမှာလဲဆိုတာကို ...အစ်ကိုလဲသိပြီးသားနေမှာပါ..သားငယ်နဲ့ပတ်သက်ပြီး ...အစ်ကိုဘယ်လိုသဘောထားနေတာလဲဟင် ...အစ်ကို့သားကြီးက ...သားငယ်ကို နာမည်ပျက်အောင်လိုက်လုပ်နေတာတွေကို သိသိနဲ့...အစ်ကိုဘာလို့မတားတာလဲ ပြောပါအုံး "

" ခင်လေးရယ် ...မင်းဘာပြဿနာလုပ်ပြန်ပြီလဲကွာ...အခုဆိုရင် သားကြီးကအသက်လေးဆယ်ကျော်လာသလို... သားငယ်လဲ အသက်သုံးဆယ်ကျော်လာပြီ.....သူတို့တွေ ကလေးမဟုတ်ကြတော့ဘူးကွ .....သူ့တို့မိသားစုကို သူတို့စောင့်ရှောက်ရမဲ့အရွယ်တွေရောက်နေကြပြီ...အဲ့ဒီအရွယ်ကြီးတွေအတွက် ..တို့တွေက ဘာလုပ်ပေးရမှာလဲ ...ဘာလဲ ငယ်ငယ်တုန်းကလို ...တစ်ယောက်နဲ့တစ်ယောက်...ပခုံးဖက်ခိုင်းပြီး... ချစ်ချစ်ခင်ခင်နေကြစမ်းဆိုပြီးလုပ်ခိုင်းရမှာလား "

    ခပ်ရွှဲရွှဲ့ပြောလာသော ယောကျ်ားဖြစ်သူကြောင့် ဒေါ်ခင်သစ္စာဒေါသထွက်သွားမိလေသည်။သူမတို့သားအမိနှင့်ပတ်သက်လျှင် အေးစက်စက်နိုင်လှသောယောကျ်ား။ဤယောကျ်ားကိုမှ ဒေါ်ခင်သစ္စာကလည်း မေတ္တာသက်ဝင်ခဲ့မိသည့်ဘဝ။သူမဘဝက ရွှေပုံပေါ်စံပြီး ရွှေဆိုင်ကြီးဦးစီးခဲ့ရသော်လည်း  ဒုတိယအိမ်ထောင်၊မိထွေးဆိုသော လောင်းရိပ်အောက်မှာ အနှိမ်ခံအပြောခံဘဝမျိုးပဲဖြစ်ခဲ့ရသည်။

" ဒီမှာ အစ်ကို..ကျွန်မဘဝတစ်လျှောက်လုံး ...အစ်ကိုသားကြီးရဲ့အထင်မြင်သေးတာကိုခံခဲ့ပြီး နေခဲ့ရတယ်...အစ်ကို့နဲ့ဖောက်ပြန်ခဲ့တာဆိုပြီး...ပြောဆိုစွပ်စွဲတာကိုခံခဲ့ရတယ်..ဒါပေမဲ့အစ်ကိုဘာတစ်ခုမှ ဖြေရှင်းမပေးခဲ့ဘူး..ကလေးတွေအထင်လွဲနေတယ်ဆိုရင် ...အစ်ကိုကိုယ်တိုင်က သေချာရှင်းပြသင့်တာမဟုတ်ဘူးလား ...အစ်ကို့ပထမဇနီးနဲ့ဘာကြောင့် ကွာရှင်းခဲ့ရတယ်ဆိုတာကိုလဲ ..အစ်ကိုသားသမီးတွေကိုတော့ပြောပြသင့်တယ်မဟုတ်လား ..ကျွန်မက tသတဲ့အထိအခုလိုမျိုးပဲ ...အထင်သေးခံအပြောခံနေရတော့မှာလား "

မာယာမိုးတိမ်Where stories live. Discover now