စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၆)
akyiphyu
***a***k**y***i**p**h**y***u***လရိပ်နွေးသည် မိခင်ဖြစ်သူ၏ အရိပ်အကဲကိုချောင်းပြီး မိခင်ဖြစ်သူရှိရာဆီသိူ့ လျှောက်ဝင်သွားလိုက်သည်။သူမအတွက်တော့ ဒေါ်နှင်းရည်သက်ကို မိထွေးဟုမသက်မှတ်ထားပါ။ဒေါ်နှင်းရည်သက်သည် ဖခင်ဖြစ်သူ၏ဇနီးဖြစ်သလို ညီမငယ်လေးငွေနှင်းစက်၏ မိခင်လည်းဖြစ်သည်။သူမတို့ကြားတွင် အခန့်မသင့်မှုလေးများရှိခဲ့သော်လည်း ဒါသည်မိသားစုအရင်းများဆီမှာလည်း ဖြစ်လေ့ဖြစ်ထရှီသောပြဿနာမျိုးပဲမဟုတ်လား။တချို့တချို့သော မိထွေးများနှင့်နှိုင်းယှဉ်လျှင် ဒေါ်နှင်းရသက်သည် လရိပ်အပေါ်တကယ်ပဲကောင်းခဲ့ပါသည်။ပြောရလျှင်် အဘွားအရင်းဖြစ်သူထက်ပင် လရိပ်နွေးအပေါ်ကောင်းပေးခဲ့သည်။အဘွားဒေါ်ငွေစင်ထွန်းကိုယ်တိုင်ကမှ လရိပ်ထက် ညီမလေးငွေနှင်းစက်ကိုပိုပြီးချစ်ခင်ခဲ့သည်။၊ဦးစားပေးခဲ့သည်လေ။
" အမေ"
မိခင်ဖြစ်သူကို လရိပ်နွေးမဝံ့မရဲခေါ်လိုက်သည်။ဒေါ်နှင်းရည်သက်က မျက်ခုံးလေးကိုပင့်ကာ လရိပ်နွေးကိုမော့ကြည့်လိုက်သည်။
" ပြောလေ သမီးကြီး ...ဘာပြောချင်လို့လဲ "
" ဟိုလေ အမေ...လရိပ်ရဲ့အတွင်းခန်းတစ်ဆက်စာလေးကို ပြပွဲမှာပြမှာလားဟင်..ပြပွဲမှာမပြဖြစ်ရင်..ထုတ်ဖို့ရော လုပ်မှာလားလို့် သိချင်လို့်ပါ "
လရိပ်နွေးက မျှော်လင့်တကြီးမေးလိုက်သည်။ဒေါ်နှင်းရည်သက်က နားထဲမှစိန်နားကပ်ကိုဖြုတ်လိုက်ပြီး
" သမီးကြီးရယ် ...သမီးရဲ့ဒီဇိုင်းကို ပြပွဲမှာပြတာပဲဖြစ်ဖြစ်..ကုန်ချောထုတ်ထာပဲဖြစ်ဖြစ် ...အမေလည်းလုပ်ချင်တာပေါ့....ဒါပေမဲ့ သမီးဒီဇိုင်းတွေက ...ဆင်တူးရိုးမားတွေဖြစ်နေတာခက်တယ်....ဆိုင်မှာ လက်ရှိရောင်းချနေတဲ့ ဒီဇိုင်းတွေနဲ့သိပ်မကွာဘူးလေ ...ဆိုင်မှာအေးအေးဆေးဆေးပဲရောင်းပါသမီးကြီးရယ်...ကဲ..ကဲ..သွားတော့နော် ...တော်ကြာအဖေပြန်လာတော့မှာ မဟုတ်လား ..ထမင်းပွဲပြင်ခိုင်းထားလိုက်တော့ ...အမေပြီးရင်ဆင်းလာခဲ့မယ် "
YOU ARE READING
မာယာမိုးတိမ်
Romanceအစ်ကိုအရင်းဖြစ်သူနဲ့မသင့်မမြတ်ဖြစ်ပြီးမိသားစုနဲ့ဝေးရာကိုထွက်ပြေးချင်နေတဲ့နေသစ်ညီ မိသားစုလိုခံယူထားတဲ့သူတွေဆီကနေ ယုတ်မာရက်စက်ထဲအပြုအမူတွေနဲ့ကြုံလိုက်ရတဲ့အခါမှာ ယုတ်မာရက်စက်တဲ့ မိထွေးဖြစ်သူကို လက်စားပြန်ချေဖို့အဆုံးဖြတ်လိုက်တဲ့သူမ