မာယာမိုးတိမ် (၅)

253 5 0
                                    

စာရေးသူ....ဧကြည်ဖြူ
#မာယာမိုးတိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၅)
akyiphyu
***a***k**y***i**p**h**y***u***

နေထူးထိုက်သည် ခနိုးခနဲ့အသံနှင့်ပြောရင်း အခန်းထဲသို့ဝင်လာခဲ့လေသည်။

" ဘယ်ကဧည့်သည်လဲ မြေးကြီး....နေသစ်က မင်းရဲ့ညီအရင်းဆိုတာကို မေ့များနေတာလား ..အသက်တွေလည်မငယ်ကြတော့ဘူးကွယ်....မြေးတွေသင့်သင့်မြတ်မြတ်နေတာကိုပဲ မြင်ချင်တယ်..လာထိုင်အုံး ...အဘွားစိတ်မတိုချင်ဘူးနော် "

ဒေါ်ရတနာထိုက်က မြေးအကြီးဖြစ်သူ နေထူးထိုက်ကို လှမ်း၍မာန်မဲလိုက်သည်။ဘွားအေဖြစ်သူ၏စကားကြောင့် နေထူးထိုက်သည်လည်း မကျေမနပ်နှင့်ပင် ထမင်းစားပွဲဝိုင်းမှာဝင်ထိုင်လိုက်ရသည်။

" ဒီနေ့ အားလုံးကိုပြောစရာရှိလို့်ခေါ်လိုက်တာ ...သားကြီးရောမြေးတွေရောသေချာနားထောင်ကြပါ "

ဒေါ်ရတနာထိုက်၏ စကားကြောင့် အားလုံးဒေါ်ရတနာထိုက်ဆီကို ကြည့်လိုက်ကြသည်။

" အိမ်ရာဆောက်လုပ်ခွင့်ကို တို့ကုပ္မဏီကရလိုက်တာ မင်းတို့လည်းအသိပဲနော်.....ဒီဆောက်လုပ်ရေးကိုဦးဆောင်ဖို့အတွက်...ငါ့မြေးနှစ်ယောက်ယှဉ်ပြိုင်ရမယ်.....မင်းတို့နှစ်ယောက်ပြင်ဆင်တင်ပြတဲ့ပုံစံကို ...ရှယ်ယာရှင်တွေအားလုံးနဲ့ ရွေးချယ်မယ်...အရွေးခံရတဲ့သူကို...ထိုက်မိသားစုကုမ္ပဏီကိုအုပ်ချုပ်ခွင့်ပေးမယ် ...ဘယ်လိုလဲသားကြီး....မင်းရောယှဉ်ပြိုင်ဖို့စိတ်ကူးရှိသေးလား "

ဒေါ်ရတနာထိုက်က သားဖြစ်သူကိုမေးလိုက်သည်။

" ကျွန်တော်ကတော့ ...အသက်လဲခြောက်ဆယ်ကျော်လာပြီလေအမေ...သားတွေကိုပဲလွှဲပေးမှာပါ "

" ဟုတ်တာပေါ့ သားကြီးရယ်....တိုတွေက အသက်ကြီးပြီလေ..အမေလဲ မင်းကိုငယ်ငယ်ရွယ်ရွယ်နဲ့မွေးခဲ့လို့...မြေးတွေနဲ့အတူနေနေရပေမယ့်..အသက်ကရှစ်ဆယ်ဖြစ်နေပြီလေ..လူကမနက်ဖြန်သေမလား...သဘက်ခါသေမလားဘဲ..အမေကတော့ အမေမရှိတော့ရင်တောင် ...ထိုက်မိသားစုဆောက်လုပ်ရေးကိုတည်တံ့နေစေချင်တယ် ..ဒါကြောင့်လဲ... အမေမtသခင်မှာလုပ်ငန်းတိုးတက်တာကိုမြင်သွားချင်လို့်... အားလုံးကိုခေါ်ပြောရတာ ...မင်းတို့မှာပြင်ဆင်ချိန်သိပ်မမရဘူးနော် ...ရတဲ့အချိန်အတွင်းမှာ.... အဆောက်အဦးဒီဇိုင်းင်းနဲ့အတွင်းပိုင်းဖွဲ့စည်းမှုတွေကိုပါအကောင်းဆုံးတင်ပြနိုင်ရမယ်...မင်တို့တင်ပြတာတွေကို အဘွားတစ်ယောက်တည်းရွေးချယ်မှာမဟုတ်ဘူး...ရှယ်ယာရှင်တွေအားလုံးရဲ့ မဲအရေအတွက်နဲ့သွားမှာ ..ဒါကိုပြောချင်လို့ခေါ်လိုက်တာ.....ပြောလို့လဲပြီးပြီဆိုတော့ အားလုံး ထမင်းစားကြတော့ "

မာယာမိုးတိမ်Where stories live. Discover now